ကျေးလက်ရေနွေးကြမ်းဝိုင်းပြုလုပ်ပြီး ဆပ်ပြာရည်လုပ်နည်းသင်တန်းပို့ချပေး

 

ပေါင်းတည် မတ် ၁၇

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ပေါင်း တည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အမျိုးသမီးရေးရာ တာဝန်ခံများ၊ မြို့နယ်ကော်မတီအဖွဲ့ဝင် များသည် ပေါင်းတည်မြို့နယ်ဆင်လူးအုပ်စု အတွင်းမှ ဒေါင်းယက်ချောင်းကျေးရွာရှိ ဒေသခံပါတီဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ကြသည်။

တွေ့ဆုံပွဲတွင် ပေါင်းတည်မြို့နယ် အတွင်း လေးကြိမ်မြောက် အိမ်ရှင်မများ အသုံးဝင်မည့် ဆပ်ပြာရည်ပြုလုပ်နည်း သင်တန်းကိုလည်း ဒေါ်ထားထားနု(တိုင်း ပါတီကော်မတီဝင် အမျိုးသမီးရေးရာ တာဝန်ခံ)ကိုယ်တိုင်သင်ကြားပြသပေးခဲ့ပြီး လိုက်ပါလာကြသည့် ပြည်ခရိုင်အတွင်းရေး မှူး၊ မြို့နယ်ပါတီဥက္ကဋ္ဌတို့က ဒေသခံပါတီ ဝင်များ၏ သိရှိလိုသည်များကိုလည်း ရှင်း လင်းပြောကြားခဲ့ကြကြောင်း သိရသည်။

ဟန်ဝင်းရွှေ(ပေါင်းတည်)