ကျိုက်ထိုမြို့နယ် ပြည်ခိုင်ဖြိုး ရပ်/ကျေး လပတ်အစည်းအဝေး ပြုလုပ်

 

ကျိုက်ထို၊ ဇွန် ၃

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမ၌ ယနေ့ ဇွန် ‌လ (၃) ရက်နေ့ နေ့လည် (၁ဝ:၀၀) နာရီချိန်တွင် ရပ်/ကျေး လပတ်အစည်းအဝေး ပြုလုပ်ခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် ပြည်နယ်ကော်မတီဝင် ဦးဌေးလွင်၊ မြို့နယ်‌ပါတီဥက္ကဌ ဦးဇေယျာဦး၊ မြို့ နယ်ပါတီ အတွင်းရေးမှူး ဦးကြည်‌စိုးတို့ တက်​​ရောက်​ခဲ့ပြီး၊ ပြည်နယ်ကော်မတီဝင် ဦးဌေးလွင်မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ မြိုနယ်‌ပါတီဥက္ကဌ ဦးေ‌ဇယျာဦးမှ တက်ရောက်လာကြသော ရပ်/ကျေး စည်းမှူးများအား အားပေး စကားများ ပြောကြားခြင်း၊ လမ်းညွန်ချက်များနှင့် ပါတီရှေ့ဆက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ချပြ ဆွေးနွေးခြင်း၊ ရေးရာခေါင်းဆောင်များမှ ဆွေးနွေးခြင်း၊ တက်ရောက်လာကြသော ရပ်/ကျေးပါတီ ဥက္ကဌများမှ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးပြီး အစည်းအဝေးကို မွန်းလွဲ (၁၂:၃၀) နာရီချိန်တွင် ပြီးမြောက်ခဲ့ ပါသည်။