ဗဟိုကော်မတီဝင် ဦးထွေးလှ တောင်ကုတ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ စလူကျေးရွာသို့ သွားရောက်ပြီး အဝတ်အထည်များနှင့် ဆိုလာမီးများ ပေးအပ်

 

တောင်ကုတ်၊ ဇူလိုင် ၁၇

တောင်ကုတ်မြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီရုံးတွင် ယနေ့ နေ့လည် ၁ နာရီက ဗဟိုကော်မတီဝင် ဦးထွေးလှ (တိုင်းရင်းသားရေးရာတာဝန်ခံ) သည် တောင်ကုတ်မြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံကာ ၂၀၂၀ ပါတီ အောင်နိုင်ရေးဆိုင်ရာ အကြောင်းအရာများအား ပြောကြားဆွေးနွေးခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ပါတီဗဟိုကော်မတီဝင်၊ပြည်နယ်တာဝန်ခံ ဦးထွန်းဝေ၊ ခရိုင်ကော်မတီဝင် ဦးစောအောင်၊ မြို့နယ်ပါတီအတွင်ရေမှူး ဦးကျော်ဝင်း၊ ဘဏ္ဍာရေးမှူး ဦးကျော်ခန့်နှင့် မြို့နယ်ကော်မတီဝင်များ၊ အရံကော်မတီဝင်များ၊ ရပ်ကျေးပါတီ ခေါင်းဆောင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ လူငယ်ရေးရာ ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံမှုပြီးဆုံးချိန်တွင် ဦးထွေးလှနှင့်အဖွဲ့သည် တောင်ကုတ်မြို့နယ်၊ တောင်ပေါ်ဇုံဒေသ၊ စလူကျေးရွာသို့ သွားရောက်ကာ ဆိုလာမီးအိမ် ၂၀ စုံ၊ ယောက်ျားဝတ်အင်္ကျီအဖြူ ၁၀ ထည်၊ ယောက်ျားဝတ်အနွေးထည် ၁၀ ထည်၊ ယောက်ျားဝတ်လုံချည် ၁၀ ထည်၊ အမျိုးသမီးဝတ်လုံချည် ၁၀ ထည်နှင် အမျိုးသမီးဝတ်အင်္ကျီ ၁၀ ထည်တို့အား ပေးအပ်လှူဒါန်းခဲ့သည်။

TG USDP