ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ပဲခူးတိုင်း(အနောက်ပိုင်း) ခရိုင် မြို့နယ် ဥက္ကဋ္ဌ အတွင်းရေးမှူး ကော်မတီဝင်များနှင့်တွေ့ဆုံ

 

ပဲခူး ဖေဖော်ဝါရီ ၁၈

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် ယမန်နေ့ နံနက်ပိုင်း က ပဲခူးတိုင်းဒေသကြီး (အနောက် ပိုင်း) ပြည်ခရိုင်နှင့် သာယာဝတီ ခရိုင်တို့မှ ခရိုင်၊ မြို့နယ်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ဗဟိုအတွင်း ရေးမှူး ဦးသန်းထွန်းနှင့် ပဲခူး တိုင်းဒေသကြီး(အနောက်ပိုင်း)မှ ဒုဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့် တာဝန် ရှိသူများ တက်ရောက်ခဲ့သည်။အခမ်းအနားတွင် ပဲခူးတိုင်း ဒေသကြီး(အနောက်ပိုင်း) ပြည် ခရိုင်နှင့် သာယာဝတီခရိုင်(၂)ခရိုင် မှ ခရိုင်၊ မြို့နယ်ဥက္ကဋ္ဌ၊ အတွင်း ရေးမှူး၊ ကော်မတီဝင်တစ်ဦးချင်းစီ မှ မိမိတို့နယ်မြေဒေသအခြေအနေ များ၊ စည်းရုံးလှုပ်ရှားမှုများနှင့် မိမိ တို့ မျှော်မှန်းထားသည့် အောင်မြင် မှုပန်းတိုင်ကို ရောက်ရှိအောင် စည်းရုံးဆောင်ရွက်ထားရှိမှုများကို တစ်ဦးချင်းစီက အသီးသီး ရှင်း လင်းတင်ပြဆွေးနွေးခဲ့ကြသည်။

ထိုသို့ ဆွေးနွေးတင်ပြချက် များအပေါ် ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းက ပြန်လည်၍ မိမိတို့ နယ်မြေကွင်းဆင်းမှုများ ဆောင် ရွက်မှုများအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခြင်းနှင့် ဗဟိုမှ ချမှတ်ပေးထားသည့် လုပ်ငန်းစဉ် များကို ပြန်လည်ချပြဆွေးနွေးခြင်း မိမိတို့ပန်းတိုင်ကို အောင်မြင်မှုရရှိ အောင် ဖြည့်စွက်ဆွေးနွေးအားပေး ခြင်းများ အပြန်အလှန်ဆွေးနွေးခဲ့ ကြသည်။ ထိုဆွေးနွေးပွဲသို့ ဗဟို အတွင်းရေးမှူး ဦးသန်းထွန်းနှင့် ပဲခူးတိုင်းဒေသကြီး (အနောက် ပိုင်း)မှ ဒုဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့် ပြည်ခရိုင်၊ သာယာဝတီခရိုင်များမှ ခရိုင်၊ မြို့နယ်ဥက္ကဋ္ဌ၊ အတွင်းရေး မှူး၊ ကော်မတီဝင်များ၊ ရပ်မိရပ်ဖ များနှင့် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်မှ တာဝန်ရှိသူ များလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။