ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီနှင့် မယ်စဲ့မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တွေ့ဆုံပွဲ အစည်းအဝေး

 

မယ်စဲ့မြို့နယ် – မတ်လ ၎

၂၀၁၉ ခုနှစ် မတ်လ (၄) ရက်နေ့ နေ့လည် (၂) နာရီအချိန်တွင် ကယားပြည်နယ် မယ်စဲ့မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီနှင့် မယ်စဲ့မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တွေ့ဆုံပွဲ အစည်းအဝေး ကျင်းပပြုလုပ်ပြီး ဦးစွာ နိုင်ငံတော်အလံ အလေးပြုပြီး နိုင်ငံတော်သီချင်းဖြင့် သီဆို ဖွင့်လှစ်ပါသည်။

ဆက်လက်ပြီး ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းမှ အဖွင့်အမှာစကား ပြောကြား ပြီး လက်ရှိပါတီလုပ်ငန်း ဆောင်ရွက်ချက်များ လုပ်ငန်းလုပ်ထုံးလုပ်နည်းများ အသေးစိတ် ရှင်းလင်းလမ်းညွှန်မှာကြားသွားပါသည်။

ယင်းနောက် ကယားပြည်နယ်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး မယ်စဲ့မြို့နယ် တာဝန်ခံ ဦးကျော်မြင့် က ပြည်ခိုင်ဖြိုးပါတီ ရှေ့လုပ်ငန်းစဉ်များအား အသေး စိတ်ရှင်းလင်းဆွေးနွေးသွားပါသည်။

ဆက်လက်ပြီး ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးတာဝန်ခံ ဦးတင်ဦးက စည်းရုံးရေးရာကိစ္စ ရပ်များ လူငယ်ရေးရာ ဒု-တာဝန်ခံ ဒေါ်နန်းယဉ်သီတာထွေးက လူငယ်နှင့်အမျိုးသမီးရေး ရာကိစ္စရပ်များအသီးသီးဆွေးနွေးသွားပါသည်။

ဘောလခဲမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စား လှယ်ဦးကျော်သန်း ဘောလခဲခရိုင် အတွင်းရေးမှူး ဦးချစ်ဦးမောင်တို့က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးသွားပါသည်။

ယင်းနောက် မယိစဲ့မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လစ်လပ်လျှက်ရှိသောမြို့နယ် ကော်မတီဝင် (၇) ဦးအား ပြည်နယ်ပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းက တာဝန်ပေးခန့်အပ်လွှာအသီးသီး ပေးအပ်သွားပါသည်။

ဆက်လက်ပြီး ဘောလခဲ ခရိုင်ကော်မတီဝင် ဦးနှင်းဝေ မယ်စဲ့မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး ပါတီနာယက ဦးသိန်းထွန်း မြို့နယ်အတွင်းရေးမှူး ဒေါ်အေးထွန်းနှင့် မြို့နယ်ကော်မတီဝင်များ ရပ်ကျေးစည်းရုံးရေးမှူးများမှ မယ်စဲ့မြို့နယ် ပါတီကိစ္စရပ်များ ရပ်ရွာလူထု အကျိုးပြုကိစ္စရပ်များရေးရာကိစ္စရပ်များ အသီးသီးလိုအပ်ချက်များ အသေးစိတ် ဆွေးနွေးတင်ပြကြပါသည်။

ဆက်လက်ပြီး ပြည်နယ်ပြည်ခိုင်ဖြိုးပါတီမှ ရေးရာ အလိုက်ဆွေးနွေးတင်ပြချက်များအား သက်ဆိုင်ရာ ပြည်နယ်ရေးရာ တာဝန်ခံ အသီးသီးမှ ပြန်လည်ရှင်းလင်း ဖြေကြားသွားပါသည်။ထို့နောက် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းမှ နိဂုံးချုပ်အမှာစကား ပြောကြားသွားပါသည်။

၎င်းတွေ့ဆုံပွဲတွင် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်း ပြည်နယ်အတွင်းရေးမှူး ဦးကျော်မြင့် ဘောလခဲမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သန်း ကယားပြည်နယ် ပြည်နယ်ကော်မတီဝင် (ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်) ဘောလခဲမြို့နယ် တာဝန်ခံ ဦးအေးရွှေ ပြည်နယ်ကော်မတီဝင်များဖြစ်ကြသော ဦးတင်ဦးနှင့် ဒေါ်နန်းယဉ်သီတာထွေး ဘောလခဲခရိုင် အတွင်းရေးမှူး ဦးချစ်ဦးမောင် ဘောလခဲခရိုင် ကော်မတီဝင် ဦးနှင်းဝေ မယ်စဲ့မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးလောရင်း အတွင်းရေးမှူး ဒေါ်အေးအေးထွန်းနှင့် မြို့နယ် ကော်မတီဝင်များ ရပ်ကျေးစည်းရုံးရေး ဥက္ကဌများ စုစုပေါင်းအင်အား (၃၀) ကျော်တက်ရောက်ကာ အစည်းအဝေးကို ညနေ ( ၄း၄၅ ) နာရီတွင် အောင်မြင်စွာ ပြီးစီးကြောင်းနှင့် ယနေ့ည (၇း၀၀) နာရီအချိန် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းနှင့် အဖွဲ့သည် မယ်စဲ့မြို့နယ် နမ့်မန်းကျေးရွာအုပ်စု နမ့်မန်းကျေးရွာ ပါတီဥက္ကဌ ဒေါ်ပြုံး ၏ နေအိမ်တွင် ရပ်မိရပ်ဖများနှင့် လက်ဖက်ရည်ဝိုင်း တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထာဝရ မြေချစ်သူ