မဘိမ်းပြည်ခိုင်ဖြိုးပါတီမှ လစဉ်ပုံမှန်အစည်းအဝေး ပြုလုပ်

 

မဘိမ်း မတ်လ ၄ရက်
မဘိမ်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန်အစည်းအဝေးကို ယမန်နေ့ ၁၀ နာရီအချိန်တွင် မြို့နယ်ပါတီရုံးတွင် ကျင်းပရာ မိုးမိတ်ခရိုင်ပါတီအတွင်းရေးမှူး ဦးမြင့်လှိုင်နှင့်ခရိုင်ပါတီကော်မတီဝင်များ၊မြို့နယ်ပါတီဥက္ကဌ ဦးဇော်လွင်နှင့်မြို့နယ်ပါတီကော်မတီဝင်များ၊ အရန်ပါတီကော်မတီဝင်များ၊ ပါတီနာယကများ၊ ရပ်ကျေးပါတီဥက္ကဌများ လူငယ်ရေးရာအဖွဲ့ဝင်များ အင်အား ၄၀ ဦး တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ခရိုင်ပါတီ အတွင်းရေးမှူးမြို့နယ်ဥက္ကဌတို့က ပါတီစည်းရုံးရေး ပါတီရှေ့လုပ်ငန်းစဉ်များ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးရေးတို့ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

credit >>> zaw lwin