ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီနှင့် ဖါးဆောင်းမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တွေ့ဆုံပွဲ အစည်းအဝေး

 

မော်ချီးဒေသ – မတ်လ ၅
၂၀၁၉ခုနှစ် မတ်လ (၅)ရက်နေ့ နံနက် (၁၀း၃၀) နာရီအချိန် ကယားပြည်နယ် ဖါးဆောင်းမြို့နယ် မယ်စဲ့ဒေသ မော်ချီးအောက်ရွာ ရပ်မိရပ်ဖ ဦးစောနောင် ဒေါ်မိုးမိုးနေအိမ်တွင် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ဖါးဆောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်မိရပ်မဖများ တွေ့ဆုံပွဲ ကျင်းပပြုလုပ်ပါသည်။

ပထမဦးစွာဟမော်ချီးအောက်ရွာ ကျောင်းဆရာ အငြိမ်းစား အသင်းထောက်ဆရာမှ ဘုရားတခင်အား ဆုတောင်းဝတ်ပြုပါသည်။ဆက်လက်ပြီးပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းမှ အဖွင့်အမှာစကား ပြောကြား ပြီး လက်ရှိပါတီလုပ်ငန်း ဆောင်ရွက်ချက်များ လုပ်ငန်းလုပ်ထုံးလုပ်နည်းများ အသေးစိတ် ရှင်းလင်းလမ်းညွှန်မှာကြားသွားပါသည်။

ယင်းနောက် ကယားပြည်နယ်ပြည်ခိုင်ဖြိုးပါတီ အပြည်နယ်ကော်မတီဝင် ဦးတင်ဦးက လက်ရှိနိုင်ငံရေးအခြေအနေများနေများနှင့်ပြည်ခိုင်ဖြိုးပါတီ ရှေ့လုပ်ငန်းစဉ်များအား အသေး စိတ်ရှင်းလင်းဆွေးနွေးသွားပါသည်။

ဆက်လက်ပြီးပြည်ခိုင်ဖြိုး ပါတီဝင်ဦးလှိုင်ဘွားမှ ပါတီလုပ်ငန်းအခြေအနေများ မြို့နယ်ပါတီကော်မတီ ဝင်များမှ ၂၀၂၀ ပါတီအောင်နိုင်ရေး အခြေအနေများ ရပ်မိရပ်ဖများမှ ပါတီလုပ်ငန်းနှင့်ပတ်သက်၍ အားသာချက် အားနဲချက်များ ပြည်နယ်လူငယ် ရေးရာ ဒုတာဝန်ခံမှ လူငယ်နှင့် အမျိုးသမီးကိစ္စ ရပ်များ အသီးသီးသုံးသပ်ဆွေးနွေးသွားကြပါသည်။

ဆက်လက်ပြီး ပြည်နယ်ပြည်ခိုင်ဖြိုးပါတီမှ ရေးရာ အလိုက်ဆွေးနွေးတင်ပြချက်များအား သက်ဆိုင်ရာ ပြည်နယ်ရေးရာ တာဝန်ခံ အသီးသီးမှ ပြန်လည်ရှင်းလင်း ဖြေကြားသွားပါသည်။

ထို့နောက် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းမှ နိဂုံးချုပ်အမှာစကားပြောကြားသွားပါသည်။

၎င်းတွေ့ဆုံပွဲတွင် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်း ပြည်နယ်အတွင်းရေးမှူး ဦးကျော်မြင့် ဘောလခဲမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သန်း ကယားပြည်နယ် ပြည်နယ်ကော်မတီဝင် (ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်) ဘောလခဲမြို့နယ် တာဝန်ခံ ဦးအေးရွှေ ပြည်နယ်ကော်မတီဝင်များဖြစ်ကြသော ဦးတင်ဦးနှင့် ဒေါ်နန်းယဉ်သီတာထွေး ဘောလခဲခရိုင် အတွင်းရေးမှူး ဦးချစ်ဦးမောင် ဖားဆောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးခင်မောင်ညိုနှင့် မြို့နယ် ကော်မတီဝင်များ ရပ်မိရပ်ဖများ ရပ်ကျေးစည်းရုံးရေး ဥက္ကဌများ စုစုပေါင်းအင်အား (၃၀)ကျော်တက်ရောက်ကာ အစည်းအဝေးကို နေ့လည် ( ၁၂း၀၀ ) နာရီတွင် အောင်မြင်စွာ ပြီးစီးကြောင်းနှင့် ယနေ့ည (၆း၀၀)နာရီအချိန် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းနှင့် အဖွဲ့သည် ဖါးဆောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဒေါ်ခင်နှင်းယဉ် ၏ နေအိမ်တွင် ရပ်မိရပ်ဖများနှင့် လက်ဖက်ရည်ဝိုင်း တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထာဝရ မြေချစ်သူ