ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍ အခြေခံအင်္ဂလိပ်စကားပြောသင်တန်းဖွင့်

နေပြည်တော် မတ် ၂၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးပြုလုပ်သည့် အခြေခံအင်္ဂလိပ်စကားပြောသင်တန်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ပုဗ္ဗသီရိမြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမတွင် ဖွင့်လှစ်ခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနား၌ နေပြည်တော်ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီအတွင်းရေးမှူး ဦးဌေးဝင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခြင်း၊ မြို့နယ် ဥက္ကဋ္ဌ ဦးမြင့်ကြိုင်က သင်တန်းစည်းမျဉ်းစည်းကမ်းများ ပြောကြားခြင်းနှင့် သင်တန်းနည်းပြဆရာ ဦးမင်းသူရက မိတ်ဆက်အမှာစကားများ အသီးသီးပြောကြားခဲ့ကြသည်။ သင်တန်းဖွင့်ပွဲသို့ နေပြည်တော်ပြည်ထောင်စုနယ်မြေ ပါတီအတွင်းရေးမှူး ဦးဌေးဝင်းနှင့် ကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ မြို့နယ်ဥက္ကဋ္ဌ ဦးမြင့်ကြိုင်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ သုံးလကြာမြင့်မည် ဖြစ်သည်။  သင်တန်းအား အပတ်စဉ်စနေနှင့် တနင်္ဂနွေနေ့တို့တွင် မွန်းလွဲ ၃ နာရီမှ ညနေ ၆ နာရီအထိ သင်ကြားပို့ချသွား မည်ဖြစ်ပြီး အဆိုပါ အခြေခံအင်္ဂလိပ်စကားပြောသင်တန်းသို့ သင်တန်းသား ၄၅ ဦး တက်ရောက်သင်ကြား မည်ဖြစ်သည်။

ကိုကိုလွင်