သောကြာနှင့် တနင်္လာညတွင် ကစားလေ့ရှိသည့် လာလီဂါပွဲစဉ်များကို ဖျက်သိမ်းရန် လာလီဂါနှင့် စပိန် ဘောလုံးအဖွဲ့ချုပ် ဆွေးနွေး

သောကြာနဲ့ တနင်္လာညတွေမှာ ပုံမှန်ကစားနေတဲ့ လာလီဂါပွဲစဉ်တွေကိုဖျက်သိမ်းဖို့အတွက် လာလီဂါအဖွဲ့ချုပ်နဲ့ စပိန်ဘောလုံးအဖွဲ့ချုပ်တို့ အခြေအတေင်ဆွေးနွေးနေကြပါတယ်။

စပိန်ဘောလုံးအဖွဲ့ချုပ်က သောကြာနဲ့ တနင်္လာညပွဲစဉ်တွေဟာ ပရိသတ်စိတ်ဝင်စားမှုအားနည်းတဲ့ပွဲတွေကို ကစားလေ့ရှိတာကြောင့် ဖျက်သိမ်းဖို့လိုလားနေပါတယ်။ များသောအားဖြင့် သောကြာနဲ့ တနင်္လာညတွေမှာ ဗယ်လီကာနိုနဲ့ အလာဗတ်စ်တို့ရဲ့ ပွဲစဉ်တွေရှိနေတတ်ပြီး ဒီလိုကစားနေရတာကို အသင်းနှစ်သင်းရဲ့ ပရိသတ်တွေကလည်း ကန့်ကွက်ဆန္ဒပြဖို့ စီစဉ်နေပါတယ်။

လာလီဂါအဖွဲ့ချုပ်ဥက္ကဋ္ဌ ဟာဗီယာတီဗက်စ်က လာလီဂါရုပ်သံဈေးကွက်ချဲ့ထွင်နိုင်ဖို့အတွက် လာလီဂါပွဲစဉ်တွေကို သောကြာ၊ တနင်္လာညတွေမှာ ဖြန့်ကျက်ထားချင်နေပါတယ်။ ဒီအခြေအနေ နှစ်ရပ် ထိပ်တိုက်တွေ့ဆုံမှုကြောင့် အခြေအတေင်ဖြစ်နေပြီး အချိန်ယူဆွေးနွေးသွားရဖို့ရှိနေပါတယ်။

 

—Ref: Skynetsports