ပြည်ခိုင်ဖြိုးပါတီက ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြည်သူများအား ဆန်နှင့်ဆီများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချ

 

ရန်ကုန် ဖေဖော်ဝါရီ ၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသ ကြီး ရန်ကုန်(အရှေ့ပိုင်း)ခရိုင် ဒဂုံ မြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ မြို့နယ် ပါတီကော်မတီသည် ပါတီဗဟို အလုပ်အမှုဆောင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဦးခင်မောင်စိုး၏ လမ်း ညွှန်ချက်နှင့်အညီ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဒေါက်တာ ကျော်စိုး(နယ်မြေတာဝန်ခံ) ပံ့ပိုးမှု ဖြင့် ယမန်နေ့ နံနက် ၈နာရီက မြို့နယ် အတွင်းရှိ ဒေသခံမိဘပြည်သူများ အား ဆန်နှင့်ဆီတို့ကို အထူးလျှော့ ဈေးနှုန်းဖြင့် သွားရောက်ရောင်းချ ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရောင်းချပေးရာတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ခိုင်၊ အတွင်းရေးမှူး ဦးလှမျိုးနှင့် ကော် မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာ ပါတီဝင်များနှင့်အတူ အမှတ်(၁) ရပ်ကွက်အတွင်းရှိ ဒေသခံမိဘ ပြည်သူများအား မနောသုခ(ဆန် ရှယ်) တစ်ပြည်လျှင် ကျပ် ၁ဝဝဝ နှုန်း၊ Meizan ဟင်းသီးဟင်းရွက် ဆီ ၅ဝ ကျပ်သား တစ်ဘူးလျှင် ကျပ် ၁၆ဝဝ နှုန်း၊ Lotus ဟင်းသီး ဟင်းရွက်ဆီ၅ဝကျပ်သားတစ်ထုပ် ကျပ် ၉ဝဝ နှုန်း အထူးလျှော့ဈေး ဖြင့် ရောင်းချပေးခဲ့သည်။

မြို့နယ်ပါတီကော်မတီသည် ပါတီအကြီးအကဲများ၏ လမ်းညွှန် မှုကို ခံယူလျက် မြို့နယ်အတွင်းရှိ ဒေသခံမိဘပြည်သူများ ဆန်နှင့် ဆီများအား ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ပေးလျက်ရှိရာတွင် မြို့ နယ်အတွင်း အခြေခံမိသားစုများ နေထိုင်ကြသည့်အမှတ် ၁၊ ၁၂၃၊ ၁၂၄၊ ၁၂၅၊ ၁၃၃၊ ၁၃၄၊ ၁၃၈၊ ၁၅၅၊ ၁၅၆၊ စစ်ပင် စသည့် ရပ်ကွက်များသို့ ဆန်နှင့်ဆီများကို အထူးလျှော့ဈေးနှုန်းဖြင့် တစ် ပတ်လျှင် သုံးရက်နှုန်းဖြင့် မိဘ ပြည်သူများရှေ့မှောက် အရောက် လိုက်လံရောင်းချပေးခဲ့ပြီး ယနေ့ အထိ ဆန်အိတ် ၁၇ဝနှင့် Meizan ဆီဘူး ၁၈ဝ၊Lotus ဆီ အထုပ် ၁၈ဝ အထိ ရောင်းချပေးနိုင်ခဲ့ သည်။ ထိုကဲ့သို့ ပြည်ခိုင်ဖြိုးပါတီ ကပြည်သူများအား ဈေးနှုန်းချိုသာ စွာဖြင့် လာရောက်ရောင်းချပေး သည့်အတွက် ဒေသခံမိဘပြည်သူ များက လွန်စွာဝမ်းမြောက်လျက် ရှိကြောင်း သိရသည်။

စိုးမိုး(ဒဂုံ-အရှေ့)