ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ဦးဝဏ္ဏမောင်လွင် သံဃာတော်အရှင်သူမြတ်များအား ဖူးမြော်လှူဖွယ်ပစ္စည်းများဆက်ကပ်

 

မန္တလေး ဖေဖော်ဝါရီ ၆

မန္တလေးမြို့သို့ ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး တာဝန်ခံ ဦးဝဏ္ဏမောင်လွင် ယနေ့ နေ့လယ်ပိုင်းနှင့် ယမန်နေ့က မန္တလေးမြို့ရှိ သံဃာတော်အရှင်သူမြတ်များအား ဖူးမြော်ကန်တော့ ၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ဦးဝဏ္ဏမောင်လွင်နှင့်အဖွဲ့သည် ယမန်နေ့က အောင်မြေသာစံ မြို့နယ်အတွင်းရှိ ရွှေကျင်တိုက်မကြီးဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တထုတိဝရအားလည်းကောင်း၊ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်(မန္တလေး) ဒုတိယပါမောက္ခချုပ် ဆရာတော် ဘဒ္ဒန္တဉာဏာလင်္ကာရာဘိဝံသနှင့် မော်ကွန်းထိန်း ဆရာတော် ဘဒ္ဒန္တကုမုဒတို့အားလည်းကောင်း၊ ယနေ့မွန်းလွဲပိုင်း က အမရပူရမြို့နယ်ရှိ မဟာဂန္ဓာရုံကျောင်းတိုက် နာယကချုပ် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဣန္ဒောဘာသဘိဝံသ၊ မဟာနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တမဟိန္ဒနှင့် အနုနာယက ဆရာတော်ဘဒ္ဒန္တဝဏ္ဏိဿရအားလည်းကောင်း အသီးသီးဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့သည်။

ထိုသို့ဆက်ကပ်လှူဒါန်းရာသို့ ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ဦးဝဏ္ဏမောင်လွင်နှင့်ဇနီး ဒေါ်လင်းလင်းတင်၊ ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေး တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီကော် မတီဝင်များ၊ မန္တလေးခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုသင်းနှင့် ခရိုင် ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် ကော်မတီ ဝင်များ လိုက်ပါခဲ့ကြောင်း သိရသည်။

သုတ(မန္တလေး)