အင်းတော်ကြီးဒေသ ပါတီတိုင်းရင်းသားရေးရာဆွေးနွေး

 

ယနေ့ ဧပြီ (28) ရက်နေ့ ၁း၃၀ နာရီတွင် မိုးညှင်းမြို့နယ် အင်းတော်ကြီး ဒေသ လုံးတုံကျေးရွာတွင် ရှမ်းတိုင်းရင်းသားများနှင့်တွေ့ဆုံရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးကျော်စိုးလေးမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ ပြည်နယ်ကော်မတီဝင် ဦးစိုးဝင်းမှ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာများကို လည်းကောင်း၊ ခရိုင်အတွင်းရေးမှူး ဦးစိန်ဝင်းက ပါတီတိုင်းရင်းသားရေးရာအခြေခံမှု ကိစ္စရပ်များကို လည်ကောင်း၊ မြို့နယ်အတွင်းရေးမှူး ဦးဌေးဝင်းက တိုင်းရင်းသားလူငယ်ကိစ္စရပ်များကိုလည်းကောင်း၊ ကော်မတီဝင် ဦးမောင်မောင် (တိုင်းရင်းသားရေးရာတာဝန်ခံ) က တိုင်းရင်းသားလူမျိုး ဖွံ့ဖြိုးရေးနှင့်စည်းရုံးရေးရာ ကိစ္စရပ်များဆွေနွေးခြင်းပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့အင်းတော်ကြီးဒေသ ပါတီနာယက ဦးကြည်လင်နှင့် တိုင်းရင်းသားရေးရာပါတီဝင်များ၊ ဒေသခံများ စုစုပေါင်း ၃၀ ဦးခန့် တက်ရောက်ပြီး အပြန်အလှန်ဆွးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

မိုးညှင်းပြည်ခိုင်ဖြိုးပါတီ