မန္တလးခရိုင်အတွင်းရှိ မြို့နယ်ခုနစ်မြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဝင်များ မန္တလေးတောင် တောင်ဘက်မုခ် စောင်းတန်းတစ်လျှောက်တောင်ခြေမှတောင်ပေါ်အထိ သန့်ရှင်းရေးလုပ်အားဒါနပြု

 

မန္တလေးတိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှကြီးမှူး၍ မန္တလေးခရိုင် အတွင်းရှိ မြို့နယ် ခုနစ်မြို့နယ်မှ ပြည်ခိုင်ဖြိုး ပါတီဝင်များသည် ဒီဇင်ဘာ (၂၈) ရက် နံနက် ၈ နာရီမှ ၁၁နာရီအထိ မန္တလေး တောင်တော် သန့်ရှင်းသာယာလှပ ရေး အတွက်တောင်ဘက်မုခ်စောင်း တန်းတစ်လျှောက် တောင်ခြေမှ တောင်ပေါ်အထိ သန့်ရှင်းရေး လုပ်အား ဒါနပြုလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။ပြည်ခိုင်ဖြိုး ပါတီဝင်များလုပ်အားဒါနပြုဆောင်ရွက်ရာသို့ မန္တလေးတိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များဖြစ်ကြသည့် ဦးမျိုးမြင့်၊ ဒေါ်သိင်္ဂီအောင်၊ မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီခရိုင်ဥက္ကဋ္ဌ ဦးဘို သင်း၊ခရိုင် အတွင်းရေးမှူးဦးကျော်စန်း၊ အောင်မြေသာစံ၊ ချမ်းအေး သာစံ၊မဟာအောင်မြေ၊ ချမ်းမြသာ စည်၊ ပြည်ကြီးတံခွန်၊ အမရပူရနှင့် ပုသိမ်ကြီး စသည့်မြို့နယ်ခုနစ်မြို့ နယ်မှ မြို့နယ် ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ပြည်ခိုင်ဖြိုး ပါတီဝင်များ စုစုပေါင်း အင်အား ၂ဝဝခန့် ပါဝင်ခဲ့ကြောင်း သိရသည်။

”ကျွန်တော်တို့ပါတီအနေနဲ့ အများပြည်သူ ဘုရားဖူးလည်ပတ် လေ့ရှိတဲ့ မန္တလေးတောင်တော်ကြီး သန့်ရှင်းသာယာရေးအတွက် တတ် နိုင်တဲ့ဘက်ကနေ ပါဝင်ကူညီဆောင် ရွက်ပေးတာပါ။ ပြည်သူလူထု အကျိုးအတွက်ဆိုရင် ပါတီအနေနဲ့ တတ်နိုင်သမျှ အစဉ်အမြဲကူညီသွားနိုင်ဖို့ လုပ်ကိုင်ဆောင်ရွက် သွားမှာပါ။ ပြည်ခိုင်ဖြိုး ပါတီဟာ ပြည်သူ့အကျိုးအကောင်းဆုံး ဆောင်ရွက်ပေးနိုင်ဖို့ အသင့်ရှိနေပါတယ်” ဟု မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီ ခရိုင်ပါတီဥက္ကဋ္ဌဦးဘိုသင်းက ပြောကြားခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီဝင်များသည် မန္တလေးတောင်တောင်ဘက်စောင်းတန်းတစ်လျှောက် လုပ်အားဒါနပြု လုပ်ငန်းများဆောင်ရွက်ပြီး တောင် ပေါ်အရောက်တွင် မန္တလေးတောင် တော်ဘက်စုံပြုပြင်မွမ်းမံရေးအတွက် စုပေါင်းလှူဒါန်းငွေကျပ်၁၁ဝဝဝဝ အား မန္တလေးတောင်တော်ဂေါပက အဖွဲ့ထံသို့ ပေးအပ်လှူဒါန်းခဲ့ကြသည်။

သုတ