ပါတီအဆင့်ဆင့် ပြန်လည်ရွေးချယ်ဖွဲ့စည်းရေး တွေ့ဆုံဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အဆင့်ဆင့် ရွေးချယ်ခြင်းကိစ္စများ တွေ့ဆုံဆွေးနွေးခြင်းကို မေလ (၁၅) ရက် ညနေ (၅) နာရီခွဲအချိန်ခန့်က ဒဂုံမြို့သစ် (အရှေ့ပိုင်း) ရှမ်းတဲကြီးကျေးရွာ အမှတ်(၂)လမ်းမကြီးပေါ်ရှိ ဦးကံညွှန့်နေအိမ်၌ ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်ပါတီအတွင်းရေးမှုး ဦးမြင့်ခိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက် ပါတီဝင်များ၊ ပါတီအမာခံများ၊ ရပ်မိရပ်ဖများ စုစုပေါင်း အင်အား(၂၅)ဦး တက်ရောက်ခဲ့ကြပြီး မြို့နယ်ပါတီအတွင်းရေးမှူးမှ ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး ရွေးချယ်ခြင်းလုပ်ငန်းများကို အဆင့်လိုက် ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

အလားတူ ပါတီအဆင့်ဆင့်ပြန်လည်ရွေးချယ်ခြင်းကို မေ (၁၅) ရက်၌ပင် မလစ်ကျေးရွာတွင်လည်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

Credit – Thiha Oo


Leave a Reply