ချမ်းအေးသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်သူများအတွက် ပဉ္စမအကြိမ် ဈေးနှုန်းချိုသာစွာဖြင့် ဆန်များရောင်းချပေး

 

မန္တလေး ဖေဖော်ဝါရီ ၆

မန္တလေးမြို့ ချမ်းအေးသာစံမြို့ နယ် ပြည်ကြီးပျော်ဘွယ် အရှေ့ ရပ်ကွက် ၂၉ နှင့် ၃ဝ ကြား၊ ၈၆x၈၇ ကြားမှ ပြည်သူများအား ယမန်နေ့ နံနက် ၉ နာရီခွဲမှ မွန်းတည့် ၁၂ နာရီအထိ မြို့နယ် ပြည်ခိုင်ဖြိုး ပါတီ၏ ပဉ္စမအကြိမ် ဆန်ရောင်းချ မှုအဖြစ် ဈေးနှုန်းချိုသာစွာရောင်းချ ပေးခဲ့သည်။”ကျွန်တော်တို့ မြို့နယ်ပါတီအနေနဲ့ ပြည်သူ လူထုသက်သာချောင်ချိရေးအတွက် မြို့နယ်တွေ ထဲက ရပ်ကွက်တွေမှာ ခုလို ဆန်ရောင်းတာ ပဉ္စမ အကြိမ်ပါ။ ပါတီအနေနဲ့ ပြည်သူ့အတွက် အကျိုး ရှိမယ့်ကိစ္စတွေကို တတ်နိုင်တဲ့ဘက်ကနေ ဆောင် ရွက်ပေးနေပါတယ်”ဟု ချမ်းအေးသာစံမြို့နယ် ပါတီဥက္ကဋ္ဌ ဦးကျော်ကျော်ဌေးက ပြောကြား ခဲ့သည်။

ချမ်းအေးသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ရွှေသွယ်ရင်အမျိုးအစား ဆန် ၂၅ ပိုင်းအား တစ် ပြည်ကျပ် ၁၄ဝဝ နှုန်းဖြင့် ပြည်ကြီးပျော်ဘွယ် အရှေ့ရပ်ကွက်အတွင်း လွတ်လပ်စွာရောင်းချ ပေးခဲ့ကြောင်းနှင့် မန္တလေးတိုင်းဒေသကြီး ပြည် ခိုင်ဖြိုးပါတီအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးရှိ ရပ်ကွက်နှင့်ကျေးရွာများမှ ပြည်သူများ၏ စားဝတ်နေရေး သက်သာချောင်ချိ စေရန်ရည်ရွယ်၍ ဆန်များအား သက်ဆိုင်ရာ မြို့နယ်အလိုက် ရပ်ကွက်နှင့်ကျေးရွာများသို့ သွား ရောက်၍ ရောင်းချပေးလျက်ရှိကြောင်း သိရ သည်။

ချမ်းအေးသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် ပြည်သူလူထုထံသို့ ဆန်များရောင်းချ ရာသို့ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်ကျော်ဌေး၊ အတွင်းရေးမှူး ဦးသန်းထွန်း၊ မြို့နယ်ကော်မတီ ဦးစန်းမောင်၊ ဘဏ္ဍာရေးမှူး ဦးတင်ငွေ၊ ဒေါ်ခင် မျိုးအေး၊ ဒေါ်မမကြီး၊ ပျော်/ရှေ့ရပ်ကွက် ပါတီ ဥက္ကဋ္ဌ ဦးမော်ကြီး၊ ဒေါ်ထွေးထွေးကြင်နှင့် ရပ်ကွက်ကော်မတီများ လိုက်ပါခဲ့ပြီး ပြည်သူများ နေထိုင်ရာ ရပ်ကွက်အတွင်း သွားရောက်ကာ စနစ်တကျ ရောင်းချပေးခဲ့ကြောင်း သိရသည်။

သုတ(မန္တလေး)