ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူများ သုံးခွပြည်ခိုင်ဖြိုး ရပ်ကျေးဥက္ကဌများ ပါတီဝင်များနှင့် တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ် ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်း တာဝန်ခံ ဦးခင်ရီ ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးခင်မောင်စိုး တို့နှင့် သုံးခွမြို့နယ် ပြည်ခိုင်ဖြိုး ပါတီကော်မတီဝင်များ ရပ်ကျေးပါတီဥက္ကဌနှင့် ကော်မတီဝင်များ တွေ့ဆုံပွဲကို ဖေဖေါ်ဝါရီလ (၁) ရက် နံနက် (၁၀) နာရီက သုံးခွမြို့နယ် ပါတီကော်မတီရုံးတွင် ကျင်းပကြောင်း သိရှိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဒေါက်တာကျော်စိုးနှင့် တိုင်းပါတီ ကော်မတီဝင်များ တောင်ပိုင်းခရိုင် ပါတီကော်မတီဝင်များနှင့် သုံးခွမြို့နယ် ပါတီဥက္ကဌနှင့် မြို့နယ်ကော်မတီဝင်များ ရပ်ကျေး ပါတီဥက္ကဌနှင့် ကော်မတီဝင်များ တက်ရောက် ကြသည်။

အစီအစဉ်အရသုံးခွမြို့နယ်ပါတီဥက္ကဌဒေါ်ခင်မြတ်စုနှင့်မြို့နယ်ကော်မတီဝင်များရပ်ကျေးပါတီဥက္ကဌများမှတစ်ဦးချင်းမိတ်ဆက်ကြသည်။ ထို့နောက် ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ပါတီဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုးမှ အမှာစကား ပြောကြားရာတွင် ပြည်ခိုင်ဖြိုးပါတီသည် အသင်းဘဝ ကတည်းကစ၍ ပါတီဝင် များစွာဖြင့် ခိုင်ခိုင်မာမာ တည်ဆောက်ခဲသည့် ပါတီဖြစ်၍ မြန်မာနိုင်ငံ တည်ရှိနေသမျှ ပြည်ခိုင်ဖြိုးပါတီလည်း တည်ရှိနေမည် ဖြစ်ကြောင်း ယခုအခါ ပါတီတာဝန်များကို ပခုံးပြောင်း တာဝန်ထမ်းဆောင်နိုင်မည့် လူငယ် လူရွယ်များလည်း မွေးထုတ် ထားပြီးဖြစ်ကြောင်း မိမိတို့ ပါတီဝင်များသည် အသင်းဘဝ ကတည်းကစ၍ မျိုးချစ် စိတ်ဓာတ် ရှင်သန် ထက်မြက်နေအောင် ပြုစုပျိုးထောင် ထားသူများ ဖြစ်ကြောင်း ထိုမျိုးဆက်များဖြင့် ယနေ့ ပြည်ခိုင်ဖြိုး ပါတီကို ဆက်လက်ထိမ်းသိမ်း သွားရမည်ဖြစ်ကြောင်း ရပ်ကျေးမှစ၍ မြို့နယ်ခရိုင် တိုင်းအဆင့်ဆင့် တာဝန်ရှိသူအားလုံး ကျစ်ကျစ်လစ်လစ် စည်းစည်းရုံးရုံး ဆောင်ရွက်သွားကြဖို့ လိုကြောင်း သို့မှသာ ပါတီ အောင်နိုင်ရေးကို ဆောင်ရွက်နိုင်ကြမှာ ဖြစ်ကြောင်း ပြောကြားပြီး မြို့နယ်နှင့် ရပ်ကျေးပါတီဝင်များ ဆောင်ရွက် ရမည့် လုပ်ငန်းများကို ပြောကြားသည်။

ဆက်လက်၍ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်မှ ပါတီဝင်အင်အား စိစစ်ခြင်းနှင့် ပါတီဝင်အင်အား တိုးတက်ရရှိရေး ပါတီစည်းရုံးရေးဆိုင်ရာ လုပ်ငန်းများ ပါတီစည်းရုံးရေး လုပ်ငန်းဆောင်ရွက်ရာတွင် လူကြီးလူငယ် အမျိုးသမီး ခွဲခြားမနေကြဘဲပါတီဝင်အားလုံး စည်းစည်းရုံးရုံး ဆောင်ရွက်ကြဖို့ လိုကြောင်း ပြောကြားသည်။

ထို့နောက် ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုး တာဝန်ခံ ဦးခင်ရီမှ လုပ်ငန်းလမ်းညွှန် အမှာစကား ပြောကြားရာတွင် ယနေ့ သုံးခွမြို့နယ် ပါတီဝင်များနှင့် လာရောက်တွေ့ဆုံရခြင်းမှာ အသိတူအောင် လုပ်ဆောင်ဖို့ဖြစ်ကြောင်း အသိတူမှ အလုပ်တူမည် ဖြစ်ကြောင်း သို့မှသာ ၂၀၂၀ ပါတီအောင်နိုင်ရေး လုပ်ငန်း အောင်မြင်မည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီသည် အမျိုးသားရေးကို အခြေခံ၍ ပေါ်ပေါက်ခဲ့သည့် ပါတီဖြစ်ကြောင်း ပါတီသည် စိတ်ဓာတ်ပိုင်းကော ရုပ်ဝတ္ထုပိုင်းပါ ခိုင်မာတောင့်တင်းသည့် ပါတီဖြစ်ကြောင်း သို့ဖြစ်၍ ပါတီဝင်များသည် စိတ်ဓာတ်ခွန်အား အပြည့်ဖြင့် ပါတီစည်းရုံးရေး လုပ်ငန်းများ ဆောက်ရွက်ကြ စေခြင်ကြောင်း ပြောကြားပြီး ယနေ့လက်ရှိနိုင်ငံရေး အခြေအနေများကို ရှင်းလင်းပြောကြားပြီး လတ်တလော ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ပါတီဝင်များ ကိုယ်စား သုံးခွမြို့နယ် ပါတီဥက္ကဌ ဒေါ်ခင်မြတ်စုမှ ပါတီအောင်နိုင်ရေးအတွက် ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲ အခြေအနေများကို တင်ပြပြီး တွေ့ဆုံပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

ထိန်ဝင်း(YGN)