မိုင်းဆတ်မြို့ပြည်ခိုင်ဖြိုးပါတီမှ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့တွင် ဘိုး-ဘွား (၁၀၇)ဦးပူဇော်ကန်တော့ခြင်း

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်-မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့် ဌာနဆိုင်ရာများပူးပေါင်းပြီး အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ်အဖြစ် ဘိုး-ဘွား(၁၀၇)ဦးအားစုပေါင်းကန်တော့ခြင်းအခမ်းအနားကို မိုင်းဆတ်ခရိုင် အုပ်ချုပ်ရေးမှူး ရုံးတွင် (၁ – ၁၀-၂၀၁၇ )ရက်နေ့ ၊နံနက် (၀၇း၃၀ )တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းခထ္ထိယ ၊ ရှမ်းပြည်နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် များဖြစ်သည့်       ဦးစိုင်းသန်းဝင်း၊ဦးဒါဝိတ်တို့မှလှူဘွယ်ပစ္စည်းများနှင့်အတူတက်ရောက်အားပေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းသတင်းစုံ