ဘာသာစကားသင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းပွဲကျင်းပ

 

နေပြည်တော် ဇန်နဝါရီ ၃၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် တရုတ်ဘာသာစကားပြောသင်တန်း အမှတ်စဉ်(၃)သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် နေပြည်တော် သင်တန်းခန်းမဆောင်၌ ကျင်းပခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး တက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။

ထို့နောက် သင်တန်းသားသင်တန်းသူများက တရုတ်ဘာသာစကား တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ ဆက်လက်၍ ဗဟိုအတွင်း ရေးမှူး ဒေါက်တာကျော်ကျော်ဌေးက သင်တန်းသား သင်တန်းသူများအား ထူးချွန်ဆုများ ချီးမြှင့်ပေးခဲ့သည်။ ယင်းနောက် ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်က သင်တန်းနည်းပြဆရာမများအား ဂုဏ်ပြုမှတ်တမ်း လွှာများ ပေးအပ်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းဆွေက သင်တန်း ဆင်းလက်မှတ်များ ချီးမြှင့်ပေးခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးနှင့်အတူ ဗဟိုအတွင်း ရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော ဦးလှသိန်းဆွေနှင့် ဦးအောင်တင်မြင့်၊ ဗဟိုကော်မတီဝင်များ၊ ပါတီဌာန ချုပ်မှ ဌာနချုပ်မှူး ဦးသောင်းရွှေ၊သင်တန်းသားသင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

မိုးဇော်(နေပြည်တော်)