မုံရွာခရိုင် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မုံရွာခရိုင် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။ မုံရွာခရိုင်ပါတီရုံ၌ ယမန်နေ့ နေ့လည် ( ၁၁း၀၀ – ၂း၀၀) နာရီထိ ပါတီ၏ ဆောင်ရွက်ပြီးစီမှုများနှင့် ရှေ့ ဆက်လက်၍ ပါတီလုပ်ငန်းစဉ်များကို ဆောင်ရွက်သွားကြရန် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ယင်းအစည်းအဝေးသို့  ဗဟိုကော်မတီဝင် စစ်ကိုင်းတိုင်းဒေသကြီး ပါတီကော်မတီဝင် မုံရွာခရိုင်ပါတီတာဝန်ခံ ဒေါက်တာဝင်းမြင့်အောင်၊ တိုင်းပါတီကော်မတီ ဒေါ်ညွန့်ညွန့်ဌေး၊ တိုင်း (ရံ) ဒေါ်ကြူမိုးသန်း၊ ခရိုင်ပါတီဥက္ကဌ ဦးအောင်တိုး၊ အတွင်းရေးမှူး ဦးရဲနိုင်ထွန်း၊ ခရိုင်ပါတီကော်မတီဝင်များဖြစ်ကြသော ဦးစိန်ဝင်းလှိုင်၊ ဦးဝင်းနိုင်၊ ဦမြင့်အောင်၊ ဦးကျော်မြင့်၊ ဦးတင်ဇော် ၊ ခရိုင်းတွင်းရှိ ချောင်းဦးမြို့နယ်ဥက္ကဌ ဦးသောင်းထိုက်၊ မုံရွာမြို့နယ်ဥက္ကဌ ဦးကျော်ဝင်း၊ ဘုတလင်မြို့နယ်ဥက္ကဌ ဦးဝင်းလှိုင်၊ အရာတော်မြို့နယ်ဥက္ကဌ ဦးကံထွန်းတို့ တက်ရောက်ကြပါ သည်။

လင်းခေတ် သွေး