ဖေါင်းပြင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်ပုံမှန်အစည်းအဝေးပြုလုပ်

ဖေါင်းပြင်၊ ဒီဇင်္ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်ခရိုင် ဖေါင်းပြင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီ ကော်မတီများ လပတ်ပုံမှန်အစည်းအဝေးကို ၂ . ၁၂ . ၂၀၁၈ တနင်္ဂနွေနေ့ နေ့လည် ၁၁း၀၀ နာရီအချိန်တွင် ဖေါင်းပြင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမ၌ ပြုလုပ်ကျင်းပခဲ့ပါသည်။

ရှေ့ဦးစွာ မြို့နယ်ပါတီဥက္ကဌကြီး ဦးနေဝင်းမှ ရုံးအသုံးစရိတ် ဝင်ငွေ ထွက်ငွေများကို စာရင်းရှင်းလင်း တင်ပြပါသည်။
ဆက်လက်၍ ပါတီဥက္ကဌကြီးမှ ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေးနှင့် ရွေးကောက်ပွဲဝင်ရောက်မည့် ကိုယ်စား လှယ် အမည်စာရင်းများကို ကိုယ်စားလှယ်အဆိုပြုလွှာတွင် ပြည်သူ့လွတ်တော် အမျိုးသားလွတ်တော် တိုင်းဒေသ ကြီး ၁ ၊ ၂ စသည့်ဖြစ်ဆည်းပုံစံများဖြင့် ဖြည့်ပေးကြပါရန် တိုက်တွန်းနိုးဆော်ပါသည်။

ယင်းသို့ လျှောက်ထားသူ၏ ကိုယ်ရေးအချက်အလက်များကို မြို့နယ်နယ်ပါတီအတွင်းရေးမှူး ဦးဇော်ဝင်းမှ ရှင်းလင်းပြသကာ မြို့နယ်ပါတီကော်မတီများ အသီးသီးတို့ ဖြည့်သွင်းကြပါသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးရုံးသို့ ခရိုင်၊ မြို့နယ် မီဒီယာတာဝန်ခံများသည် ၄ . ၁၂ . ၂၀၁၈ ရက်နေ့တွင် မိမိ ယူဆောင်ရမည့် ပစ္စည်းများဖြင့် ရောက်ရှိစာရင်းပေးသွင်းကြပါရန်နှင့် ဗဟိုမီဒီယာတာဝန်ခံ အဘဦးပိုက်ထွေးအား တွေ့ဆုံကြပါရန် တိုင်းရုံးမှ ဖိတ်ခေါ်ထားကြောင်းကို မြို့နယ်မီဒီယာတာဝန်ခံ ဦးဆန်းဝင်းမှ တင်ပြသွားပါသည်။
အားလုံးတိုင်ပင်ဆွေးနွေးကြ လွှတ်တော်ဝင်အဆိုပြုလွှာများ ဖြည့်ဆည်းကြပြီးလျင် နေ့လည် ၁း၀၀ နာရီအချိန်၌ အစည်းအဝေးကို ရပ်နားခဲ့ကြပါသည်။

မျိုးမြင့်အောင် ( ဖေါင်းပြင် )