ဝက်လက်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီကော်မတီဝင်များအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(ငြိမ်း)တွေ့ဆုံ

 

ဝက်လက် ဧပြီ ၂၈

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(ငြိမ်း) ဝဏ္ဏကျော် ထင်ဦးတင်ငွေသည် ဝက်လက်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ မြို့နယ် အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီတွင် ဝက်လက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရပ်ကျေးကော်မတီဝင်များနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ခရိုင်ကော်မတီဝင်ဦးသက်အောင်ဇော် ကနှုတ်ခွန်းဆက်စကားပြောကြားပြီး မြို့နယ်ပါတီဥက္ကဋ္ဌဦးစိုးခိုင်က ဝက်လက်မြို့အတွင်းပါတီရှေ့လုပ်ငန်းစဉ်များဆောင်ရွက်ထားရှိမှု များကို ဆွေးနွေးတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(ငြိမ်း)ဝဏ္ဏကျော်ထင်ဦးတင်ငွေက ရပ် ကျေးပါတီကော်မတီဝင်များအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံအား ပေးစကားပြောကြားခဲ့ပြီး အခမ်းအနားပြီးဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ပါတီဝင်စုစုပေါင်း ၁၁၂ဦး တက် ရောက်ခဲ့သည်။

စစ်ကဲကြီး(ဝက်လက်