ခေတ်အဆက်ဆက် တိုင်းပြည်အတွက် အသက်စွန့် တာဝန်ထမ်းဆောင်ခဲ့ကြသော သူရဲကောင်းစစ်သည်များအား အလေးပြု လွမ်းသူပန်းခွေချ

ရန်ကုန်၊ ဒီဇင်ဘာ ၂

ရန်ကုန်မြို့ ရွှေတိဂုံဘုရား မြောက်ဘက်မုဒ်တွင်ရှိသော သူရဲကောင်းစစ်သည်ဗိမာန်၌ ခေတ်အဆက်ဆက် တိုင်းပြည်အတွက် အသက်စွန့်တာဝန်ထမ်းဆောင်ခဲ့ကြသော သူရဲကောင်းစစ်သည်များအား အလေးပြုခြင်းနှင့် လွမ်းသူပန်းခွေချခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ပြီး အငြိမ်းစား တပ်မတော်အရာရှိ အကြပ် စစ်သည်များ၊ တပ်မတော်ချစ်မြတ်နိုးသူများ၊ အမျိုးသားရေးအင်အားစုများ တက်ရောက်ခဲ့ကြကာ လွမ်းသူပန်းခွေ ချခြင်း၊ အလေးပြုခြင်း၊ ကဗျာများ ရွတ်ဆိုကြခြင်းများ ပြုလုပ်ခဲ့ကြသည်။

ယင်းအခမ်းအနားသို့ အငြိမ်းစားတပ်မတော်အရာရှိများဖြစ်ကြသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို အလုပ်အမှုဆောင်များဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးခင်ရီနဲ့ ဦးခင်မောင်စိုးတို့ တက်ရောက်ခဲ့ကြသည်။