ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ပြည်ခိုင်ဖြိုးပါတီ သွေးလွန်တုပ်ကွေးကာကွယ်ဆေးဖျန်း

ရန်ကုန်တိုင်းဒေသကြီး  အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြည်ခိုင်ဖြိုးပါတီက ယနေ့နံနက် ၈ နာရီတွင် အမှတ်(၃၈)ရပ်ကွက် ဝန်းသိုလမ်းအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသော နေအိမ်နှင့်  ပတ်ဝန်းကျင် နေအိမ်များအား ခြင်မပေါက်ပွားနိုင်စေရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးဖျန်းခြင်း ဆောင်ရွက်ပေးခဲ့သည်။  အဆိုပါဆောင်ရွက်ရာတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းစိုးနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကွက် ပါတီဝင် များက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ တင်ဆန်းအောင်(မြောက်ဒဂုံ)