ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီနယ်မြေ ကွင်းဆင်း ရေနွေးကြမ်းစကားဝိုင်းနှင့် ခြင်ဆေးဖျန်းခြင်း ဆောင်ရွက်

 

ပုသိမ်ကြီး မေ ၆

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဆွေသန်း၊ အတွင်းရေးမှူး ဦးကိုကိုလွင်၊ မြို့နယ်ပါတီ ကော်မတီဝင် ဦးအောင်ကျော်မျိုးမင်း၊ ဦးကျော်ခိုင် (နယ်မြေမှူး) တို့သည် ယမန်နေ့ နံနက်ပိုင်းတွင် ဒဟတ္တောကျေးရွာအုပ်စု သရက်ကိုင်းကျေးရွာ ဓမ္မဝိဟာရ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော် ဦးဓမ္မပါလ အားလှူဖွယ်ခြင်း ဆက်ကပ် လှူဒါန်းပြီး သြဝါဒခံယူကာ ကျောင်းတွင်းရှိ ဓမ္မာရုံတွင် ကျေးရွာပါတီ ခေါင်းဆောင် ဦးခင်မောင်ဦးနှင့် ပါတီဝင်များ၊ ရပ်မိရပ်ဖများနှင့် ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်ပြီး လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ပြီး သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်သော အားဖြင့်ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းနှင့် ကျေးရွာရှိ အမက (၇၃) တို့တွင် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းကို ပြုလုပ်ခဲ့သည်။ အလားတူ ယမန်နေ့ မွန်းလွဲပိုင်းတွင် အောင်သပြေကျေးရွာ ပါတီခေါင်းဆောင် ဦးမြင့်သန်း၊ ဦးလင်းလင်းတို့နှင့်တွေ့ဆုံပြီး ရေနွေးကြမ်း စကားဝိုင်းနှင့် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ ရိုးဆန်း