မန်စီမြို့နယ်ပြည်ခိုင်ဖြိုးပါတီက ဟန်ထက်ကျေးရွာနေပြည်သူများသို့ ဆား ကာဘော်လစ်ဆပ်ပြာနှင့် နှာခေါင်းစည်းများ ဖြန့်ဝေ

ကချင်ပြည်နယ် မန်စီမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဟန်ထက်ကျေးလက်နေ ပြည်သူများအား ဆား၊ ကာဘော်လစ် ဆပ်ပြာနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီခွဲက မန်စီမြို့နယ် ဟန်ထက်ကျေးရွာများ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်ဦးထွန်းဖေ၊  ဘဏ္ဍာရေးမှူးဦးထွန်းမောင်၊ မြို့နယ်အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်ခင်ဆန်းဦး၊ အရန်ပါတီကော်မတီဝင်ဒေါ်ဌေးဌေးဝင်းနှင့် ရပ်ကျေးပါတီဥက္ကဋ္ဌ ဦးနော်ဆန်၊ ဦးသန်းဦး အဖွဲ့၊ ဟန်ထက်ကျေးရွာပါတီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင် ၁၅ ဦးပါဝင်သောပူးပေါင်းအဖွဲ့သည် ဟန်ထက် ကျေးရွာတွင် အိမ်ခြေ ၄၆၄ အိမ်တို့အား တစ်အိမ်တက်ဆင်း သွားရောက်ကြပြီး COVID-19 ရောဂါ ထိန်းချုပ် ကာကွယ်ရေး အတွက် ပြည်သူများအား ဆား ၄၆၄ ထုပ်၊ ကာဘော်လစ်ဆပ်ပြာ ၄၆၄ ခဲနှင့် နှာခေါင်းစည်း ၄၆၄ ခုတို့ကို ဖြန့်ဝေပေးခဲ့ကြသည်။

 ဆက်လက်၍ ဒေါ်ခင်ဆန်းဦးက ကျောင်းသား ကျောင်းသူများအတွက် နှာခေါင်း စည်း ၁ဝဝဝ လှူဒါန်းပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံယူပြီး ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ အထကကျောင်းနှင့် ရွာလယ်ဇရပ်တို့ကို ပိုးသတ်ဆေး ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။