မိုးမိတ်ပြည်ခိုင်ဖြိုးပါတီ သွေးလွန်တုပ်ကွေးရောဂါနှင့်COVID-19 ကာကွယ်ရေးလုပ်ဆောင် ကျောင်းဆောက်ရန် ငွေလှူ

မိုးမိတ်ခရိုင်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးမြင့်လှိုင်နှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ မဘိမ်းမြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇော်လွင်၊ ပါတီအတွင်းရေးမှူး ဦးတင်ဝယ်နှင့် မြို့နယ်ပါတီကော်မတီဝင်များသည် ယနေ့နံနက် ၇ နာရီတွင် မလှိုင်ကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၊ မူလွန်ကျောင်းနှင့် လူနေအိမ် ၂၃၄ အိမ်အား သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း ခြင်ဆေးဖျန်းပေးခဲ့ကြသည်။

ထို့နောက် ခရိုင်အတွင်းရေးမှူးနှင့်အဖွဲ့သည် အက(ဘဟဲ)သို့ရောက်ရှိပြီး ကျောင်း အတွက် လိုအပ်သော Mask  အခု ၂၃ဝ၊ ကိုယ်အပူချိန်တိုင်းကိရိယာတစ်ခုကို ပေးအပ်လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံ ရယူခဲ့သည်။ ထို့နောက် မလှိုင်ကုန်းကျေးရွာ မူလွန်ကျောင်းဆောင်သစ် ဆောက်လုပ်ရန် အလှူငွေ ကျပ်တစ်သိန်း ပေးအပ်လှူဒါန်းခဲ့ရာ အုပ်ချုပ်ရေးမှူးဦးမောင်ထွေးက လက်ခံရယူခဲ့ကြောင်း သိရသည်။