မြန်မာ့ဘောလုံးလောကအတွက် လိုအပ်သည့်ပံ့ပိုးမှုများပြုလုပ်မည်ဟု ဖီဖာဥက္ကဋ္ဌပြော

ဦးဇော်​​ဇော်နှင့် ဖီဖာဥက္ကဋ္ဌ တွေ့ဆုံနေစဉ် (ဓာတ်ပုံ − MFF)

 

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အင်ဖာတီနိုက မြန်မာ့ဘောလုံးလောက တိုးတက်ရေး လိုအပ်သည်များ  ကူညီထောက်ပံ့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တွေ့ဆုံစဉ် ပြောကြားသည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပနေသည့် အာရှဘောလုံးအဖွဲ့ချုပ် ကွန်ဂရက်အခမ်းအနားသို့ တက်ရောက်နေသည့် ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အင်ဖာတီနိုနှင့် သီးသန့်တွေ့ဆုံစဉ် မြန်မာ့ဘောလုံးလော ကအတွက် လိုအပ်သည်များကို ဖီဖာက ထောက်ပံ့ပေးနိုင်ရန် ဆွေး နွေးခဲ့သည်။

ထို့အပြင် လူငယ်ဖွံ့ဖြိုးရေးစီမံကိန်းများ၊ မြန်မာလိဂ်နှင့် လိဂ် ကော်မတီတိုးတက်ရေး၊ အားကစားဆိုင်ရာ ဆေးပညာရပ်များ၊ မီဒီယာနှင့် ဈေးကွက်ရှာဖွေရေး ဖွံ့ဖြိုးမှုဆိုင်ရာစသည့်ကဏ္ဍ အသီးသီးဖွံ့ဖြိုး တိုးတက်ရေး ဖီဖာက နည်းပညာနှင့် လိုအပ်သည့်ပံ့ပိုးကူညီမှုများကို  မြန်မာ့ဘောလုံးလောကအတွက် ကူညီဖြည့်ဆည်း ပေးနိုင်ရေး အဓိကထား ဆွေးနွေးခဲ့သည်။

လက်ရှိ မြန်မာ့ဘောလုံးလောက  ပိုမိုအဆင့်အတန်း မြင့်မားလာစေရေး   လိုအပ်သည့် နည်းပညာနှင့် အခြားပံ့ပိုးမှုများ ကူညီဆောင်ရွက်ပေးနိုင်ရန်  ဦးဇော်ဇော်က တင်ပြခဲ့ပြီး ဖီဖာဥက္ကဋ္ဌကလည်း ကူညီပံ့ပိုးမည် ဖြစ်ကြောင်း  ပြောကြားသည်။

7Days