ဒီမာရီယာခြေစွမ်းပြပြီး ချီလီကို အာဂျင်တီးနား အနိုင်ယူ

16949841498

မက်ဆီ မပါဝင်သော်လည်း အာဂျင်တီးနားက ဒီမာရီယာ၏ ခြေစွမ်းပြမှုနှင့်အတူ ချီလီကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ပြီးခဲ့သည့်နှစ်   ကိုပါအမေရိက ဖလားဗိုလ်လုပွဲ ရှုံးနိမ့်မှုအတွက် လက်စားပြန်ချေနိုင်ခဲ့သည်။

ကျောဒဏ်ရာကြောင့် မက်ဆီမပါဝင်နိုင်သော်လည်း အာဂျင်တီးနားတွင် ဒီမာရီယာခြေစွမ်း ပြခဲ့ပြီး အဖွင့်ဂိုးသွင်းယူကာ ဘန်နီကာသွင်းယူသော ဂိုးကို ဖန်တီးပေးခဲ့သည့် ချီလီအသင်းဘက်သို့ ၎င်းသွင်းယူခဲ့သောဂိုးမှာ ယင်းပွဲ မတိုင်မီ ကွယ်လွန်သွားသည့် အဘွားအတွက် ရည်ရွယ်သွင်းယူသော ဂိုးဖြစ်ကြောင်း ဒီမာရီယာက ပြောကြားသည်။

အခြားအုပ်စု (D)ပွဲစဉ်တွင် ပနားမားက ဘိုလီးဗီးယားကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။

‘‘ကျွန်တော်တို့ အသေအချာ ပြင်ဆင်လာခဲ့တာ ခုဆိုနှစ်အတော်ကြာပါပြီ။ ဒီနှစ်တော့ ကြိုးစားမှုရလဒ်တွေ ရောက်ရှိ လာမယ့်ပုံပါပဲ’’ဟု ဒီမာရီယာက ပွဲအပြီးတွင် ပြောသည်။

ချီလီဂိုးသမား ကလောက် ဒီယိုဘရာဗိုကမူ ‘‘ဒီလိုပွဲမျိုးတွေမှာ အမှားတွေ လုပ်မိရင်တော့ တန်ဖိုးကြီးကြီး ပေးဆပ်ရတတ်ပါ တယ်။ ဒီနေ့ဖြစ်သွားခဲ့တာ အဲဒီ လိုပါပဲ’’ဟု ပွဲအပြီးတွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ပြောကြားသည်။

ကိုပါအမေရိကဖလားကို ၁၉၉၃ က ရရှိခဲ့ပြီးနောက် ၎င်းတို့၏ ပထမဆုံးအဓိကဖလားရရှိရန် ကြိုးပမ်းနေသော အာဂျင်တီးနား အသင်းသည် ပြီးခဲ့သည့်နှစ် ကိုပါ အမေရိကဖလားဗိုလ်လုပွဲတွင် ချီလီအသင်းအား ရှုံးနိမ့်မှုကို ယခုပွဲ၌  လက်စားပြန်ချေနိုင်ခြင်းဖြစ်သည်။

အုပ်စု (D) ပွဲစဉ်တစ်ခုတွင် ပနားမားက ဘလတ်စ် ပီးရက်ဇ်၏ သွင်းဂိုးနှစ်ဂိုးဖြင့် ဘိုလီးဗီးယားကို အနိုင်ရခဲ့ပြီး လာမည့် သောကြာနေ့တွင် အာဂျင်တီးနားနှင့် ပနားမားရင်ဆိုင်တွေ့မည်ဖြစ်သည်။

ယင်းနေ့တွင် ချီလီနှင့် ဘိုလီး ဗီးယားတို့လည်း ရင်ဆိုင်ရမည်ဖြစ်သည်။                           

—Ref:Reuters


Leave a Reply