ရိုးမားကိုရှုံးနိမ့်ခဲ့မှုအတွက် ဘာစီလိုနာအသင်းပရိသတ်တွေကို ဥက္ကဌ ဘာတိုမြူ တောင်းပန်

ရိုးမားကို အံ့အားသင့်ရလောက်အောင် ရှုံးခဲ့ရတဲ့ပွဲအတွက် ဘာစီလိုနာအသင်းဥက္ကဌ ဘာတိုမြူက သူ့အသင်း ပရိသတ်တွေကို တောင်းပန်လိုက်ပါတယ်။

ဘာစီလိုနာအသင်းဟာ ပထမအကျော့က နူးကမ့်ကွင်းမှာ ရိုးမားကို (၄-၁)နဲ့ ဂိုးပြတ်နဲ့ နိုင်ခဲ့ပေမယ့် ဒုတိယ အကျော့မှာ (၃-၀)နဲ့ ရှုံးခဲ့တာကြောင့် အဝေးဂိုးစည်းမျဥ်းအရ ကွာတားဖိုင်နယ်ကနေပဲ ထွက်လိုက်ရပါတယ်။

ဒီရလဒ်ကြောင့် နည်းပြ ဗယ်ဗာဒီရဲ့ အနာဂတ်ကလည်း လာမယ့်ရာသီအထိ ဘာစီလိုနာမှာ ဆက်ရှိဖို့ မသေချာတော့ဘူးလို့ သတင်းထွက်လာပါတယ်။

ရိုးမားနဲ့ ပွဲအပြီးမှာ ဘာတိုမြူက”ကျွန်တော် တကယ့်ကို စိတ်မကောင်းပါဘူး၊ ကွင်းထဲမှာ ပိုကောင်းတဲ့အသင်းက ရိုးမားပဲ ဖြစ်ခဲ့ပါတယ်၊ ရိုးမားဟာ နောက်တစ်ဆင့်တက်မယ်လို့ သူတို့ကိုယ်သူတို့ယုံကြည်မှု အပြည့်ရှိခဲ့ပါတယ်၊ ကြိုးစားရင်လိုချင်တဲ့ ရည်မှန်းချက်ကိုရောက်အောင် သွားနိုင်တယ်ဆိုတာကို ရိုးမားအသင်းက ပြသခဲ့တာလည်း ဖြစ်ပါတယ်”လို့ ပြောပါတယ်။

-Ref; Sky sports