နိုင်ငံတကာအားကစားသတင်းတိုများ

■ ရီးယဲလ်မက်ဒရစ်အသင်းမှာ ဖရန့်ဖတ်တိုက်စစ်မှူး ယိုဗစ်ကို ပေါင် သန်း ၆၀ နှင့် အပြီးသတ်ခေါ်ယူလိုက်သည်။
■ နူးကမ့်တွင် လီဗာပူးအသင်းဘက်သို့ သွင်းယူခဲ့သည့် မက်ဆီ၏ ဖရီးကစ်သွင်းဂိုးမှာ ပရိသတ်များရွေးချယ်သည့် 2018-19 ချန်ပီယံလိဂ်အကောင်းဆုံးသွင်းဂိုးအဖြစ် ရွေးချယ်ခံခဲ့ရသည်။

■ စပိန်ဖော်မြူလာဝမ်းဂရင်းပရီပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့သည့် မာစီဒီးအသင်းသား လူးဝစ္စ်ဟာမီလ်တန်က အဆိုပါနိုင်ပွဲမှာ ပြီးခဲ့သည့်စနေနေ့က ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့သည့် အသက် 5 နှစ်အရွယ် ဟယ်ရီရှော အတွက် ရည်စူးလိုက်ကြောင်းပြောကြားသွားခဲ့သည်။

■ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေကို ရီးယဲလ်မက်ဒရစ်အသင်းက ပေါင်သန်း 200 ဖြင့် ခေါ်ယူရန် ပြင်ဆင်နေချိန်တွင် အမ်ဘာပေက အသင်းမှထွက်ခွာခွင့်ပေးရန် တောင်းဆိုလိုက်သည်။

■ ဂျူဗင်တပ်နှင့် ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုက ဥရောပနေးရှင်းလိဂ်ပြီးဆုံးသွားသည့်တိုင်အောင် လက်ရွေးစင် ကစားသမားအဖြစ်မှ အနားယူမည်မဟုတ်သေးဟုဆိုလိုက်ပြီး ပေါ်တူဂီအသင်းနှင့်အတူ နောက်ထပ် ကမ္ဘာ့ဖလား တစ်ကြိမ် ကစားချင်သေးသည်ဟု ဆိုလိုက်သည်။

■ စပါးနည်းပြ ပိုချက်တီနိုက ယခုနှစ်နွေရာသီတွင် အသင်းအားထိပ်တန်းကစားသမားခေါ်ယူမှုနှင့် အင်အား ဖြည့်တင်းပေးရန် အသင်းဥက္ကဌ ဒန်နီရယ်လီဗီးထံတောင်းဆိုလိုက်သည်။

■ အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည့် တိုက်စစ်မှူးစတားရစ်ခ်ျနှင့် နောက်ခံလူမိုရီနိုတို့မှာ အသင်းမှ ထွက်ခွာတော့မည်ဟု အတည်ပြုလိုက်သည်။

■ မန်ယူပရိသတ်များမှာ အသင်းမှ ဒီဂီယာထွက်ခွာသွားမည်ကို အလွန်အမင်းစိုးရိမ်နေကြပြီး ဒီဂီယာကို အသင်းနှင့် စာချုပ်သစ် ချုပ်ဆိုရန် တောင်းဆိုနေကြသည်။

■ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းကို တရုတ်စူပါလိဂ်အသင်းတစ်သင်းက တစ်ပတ်လုပ်ခလစာ ပေါင် 3 သိန်း နှင့် ကမ်းလှမ်းလာမှုကြောင့် ၄င်းကို ဆက်ထိန်းထားနိုင်ရေးအတွက် အခက်ကြုံနေသည်။

■ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းပိုင်ရှင် ဒေးဗစ်ဘက်ခမ်းက ဘာစီလိုနာတိုက်စစ်မှူး မက်ဆီနှင့် ဆွာရက်ဇ်တို့နှစ်ဦးကို 4 နှစ်စာချုပ်ဖြင့် ခေါ်ယူရန်ကမ်းလှမ်းလိုက်သည်။

■ ချဲလ်ဆီးအသင်းကိုယူရိုပါလိဂ်ဖလားရယူပေးခဲ့သည့် နည်းပြ ဆာရီမှာ ဂျူဗင်တပ်အသင်းကို ကိုင်တွယ်ရန် အတွက် အသင်းမှထွက်ခွာခွင့်ပေးရန် မကြာမီတောင်းဆိုမည်ဟု သိရသည်။

■ ရီးယဲလ်မက်ဒရစ်အသင်း ဥက္ကဌပီရက်ဇ်က ပြီးခဲ့သည့်စနေနေ့တွင် ယာဉ်မတော်တဆမှုကြောင့် ကွယ်လွန် သွားခဲ့သည့် တောင်ပံကစားသမားဟောင်း ရေးယက်စ်၏ အသက် 11 နှစ်အရွယ်သားဖြစ်သူကို အသက် 18 နှစ် အထိ ပြုစုစောင့်ရှောက်ပေးသွားမည်ဟု သိရသည်။

■ လက်ဝှေ့ပွဲဖြစ်မြောက်ရေးအတွက် ပွဲစီစဉ်သူ အက်ဒီဟန်းက ဂျော့ရှဝါနှင့် အန်ဒီရုဇ်တို့မှာ လာမည့် နိုဝင်လာလ သို့မဟုတ် ဒီဇင်ဘာလတွင် မကျေပွဲပြန်လည်ထိုးသတ်ဖွယ်ရှိသည်ဟု ထုတ်ဖော်ပြောကြားလိုက်သည်။

-Ref:Skysports