ဗဟိုအမျိုးသမီးညီလာခံအကြို ချောင်းဦးမြို့နယ်​ အမျိုးသမီးနှီး​နှောဖလှယ်​ပွဲသို့ ပါတီဗဟိုအလုပ်​အမှု​ဆောင်​၊ စစ်​ကိုင်းတိုင်း​ဒေသကြီးပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ​ဒေါက်​တာမြင့်​သိန်း တက်​​ရောက်​အား​ပေး

 

စက်​တင်​ဘာ(၂၉)၊ ချောင်းဦး

မုံရွာခရိုင်​၊ ချောင်းဦးမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီရုံးတွင်​ ဗဟိုအမျိုးသမီးညီလာခံအကြို ချောင်းဦးမြို့နယ်​အမျိုးသမီး နှီး​နှောဖလှယ်​ပွဲ အခမ်းအနားကို (၂၉.၉.၂၀၁၈)​နေ့ နံနက်​၉း၃၀နာရီက ကျင်းပပြုလုပ်​ရာ ပါတီဗဟိုအလုပ်​အမှု​ဆောင်​၊ စစ်​ကိုင်းတိုင်း​ဒေသကြီး ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဒေါက်​တာမြင့်​သိန်း တက်​ရောက်​အား​ပေးချီးမြှင့်​ခဲ့ပါသည်​။

အခမ်းအနားအစီအစဉ်​ပထမပိုင်းတွင်​ သဘာပတိအဖွဲ့နေရာယူပြီး​နောက်​ အခမ်းအနားကို နိုင်​ငံ​တော်​အလံအားအ​လေးပြု၍ နိုင်​ငံ​တော်​သီချင်း သံပြိုင်​သီဆိုဖွင့်​လှစ်​ခဲ့သည်​။
ထို့​နောက် ​မုံရွာခရိုင်​ပါတီဥက္ကဌ ဦးအောင်တိုးက အဖွင့်​အမှာစကား​ပြောကြားပြီး ​ချောင်းဦးမြို့နယ်​ပါတီ​ကော်​မတီဝင် ဒေါ်နီနီမာက အမျိုးသမီးနှီး​နှောဖလှယ်​ပွဲကျင်းပမည့်​ အစီအစဉ်​များကို ရှင်းလင်းတင်​ပြခဲ့ပြီး​နောက်​ အခမ်းအနားပထမပိုင်း အစီအစဉ်​များ ကျင်းပပြီးစီးခဲ့သည်​။
အစီအစဉ်အရ ရပ်​ကွက်​နှင့်​​ကျေးရွာအုပ်​စုများအလိုက်​ အစုအဖွဲ့(၄)ဖွဲ့ ဖွဲ့စည်း၍ ​ဆွေး​နွေးခဲ့ကြပြီး စာတမ်းဖတ်​ကြားတင်​ပြမည့်​ ကိုယ်​စားလှယ်​များ​ရွေးချယ်​ခြင်းကို ဒုတိယပိုင်းအစီအစဉ်​တွင်​ ​ဆောင်​ရွက်​ခဲ့ကြသည်​။

အခမ်းအနားတတိယပိုင်းတွင် သဘာပတိအဖွဲ့မှ ပြန်​လည်​​နေရာယူပြီး​နောက်​ နှီး​နှောဖလှယ်​ပွဲတွင်​အစုအဖွဲ့အလိုက်​မှတ်​တမ်းတင်​​ ​ဆွေး​နွေးခဲ့ကြ​သောစာတမ်းများဖြစ်​သည့်​ မြန်​မာအမျိုးသမီးများနှင့်​ မြန်​မာ့နိုင်​ငံ​ရေးအခန်းကဏ္ဍမြှင့်​တင်​​ရေး စာတမ်းကို ချောင်းဦးမြို့ ၊ကင်ပွန်းတော်ကျေးရွာမှပါတီဝင် ဒေါ်ဖြူ ဖွေးကလည်း​ကောင်း၊ မြန်​မာအမျိုးသမီးများ၏ဘဝလုံခြုံမှု၊ ငြိမ်းချမ်းသာယာမှုနှင့်​ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်​​ရေးစာတမ်းကို ကင်ပွန်းတော်ကျေးရွာမှပါတီဝင်​​ဒေါ်သက်နှင်းဝေကလည်း​ကောင်း၊ အမျိုးသမီးထုအတွင်း အမျိုးဂုဏ်​ဇာတိဂုဏ်​ ထိန်းသိမ်း​ရေး အမျိုးသမီးများ၏အခွင့်​အ​ရေးများကို ရိုးရာယဉ်​​ကျေးမှုဓ​လေ့ထုံးစံနှင့်​အညီ အ​ကောင်​အထည်​​ဖော်
ဆောင်​​ရေးစာတမ်းကို မြို့မရပ်ကွက်မှ ​ဒေါ်စုပြည့်စုံကလည်း​ကောင်း၊ အမျိုးသမီးပါတီဝင်​သစ်​များစု​ဆောင်း​ရေးနှင့်​ ၂၀၂၀ ခုနှစ်​ ​ရွေး​ကောက်​ပွဲ ​အောင်​နိုင်​​ရေးအတွက်​ ပါတီဝင်​အမျိုးသမီးများအား စဉ်​ဆက်​မပြတ်​​လေ့ကျင့်​ပျိုး​ထောင်​​ပေး​ရေးစာတမ်းကို အမြင့်ကျေးရွာမှ ​ဒေါ်မို့မို့လွင်ကလည်း​ကောင်း ဖတ်​ကြားတင်​သွင်းခဲ့ကြသည်​။

ထို့​နောက်​ ချောင်းဦ်းမြို့နယ်​၊အမျိုးသမီးနှီး​နှောဖလှယ်​ပွဲ၏ ​တွေ့ရှိချက်​များ မှတ်​တမ်းတင်​ခြင်းနှင့်​​ရှေ့လုပ်​ငန်းစဉ်​များကို ကင်ပွန်တော်ရွာမှ ဒေါ်အေးအေးသင်းက တင်​သွင်းပြီး သဘာပတိမှမှတ်​တမ်းတင်​ခြင်း၊အတည်​ပြုခြင်းနှင့်​​​ရှေ့လုပ်​ငန်းစဉ်​များအ​ကောင်​အထည်​​ဖော်​ဆ ဆောင်​ရွက်​ရန်​ ဆုံးဖြတ်​ပြီး​နောက်​ ချေင်းဦးမြို့နယ်
ပါတီဥက္ကဋ္ဌဦးသောင်းထိုက်က နိဂုံးချုပ်​အမှာစကား​ပြောကြားခဲ့ကာ အခမ်းအနားအားပြည်​ခိုင်​ဖြိုး​ဟေ့​တေးသီချင်း သံပြိုင်​သီဆို၍ ရုပ်​သိမ်းခဲ့ပါသည်​။

အခမ်းအနားသို့ ပါတီဗဟိုအလုပ်​အမှု​ဆောင်​၊စစ်​ကိုင်းတိုင်း​ဒေသကြီးပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ​ဒေါက်​တာမြင့်​သိန်း ၊တိုင်း​ဒေသကြီးပါတီကော်မတီဝင် ဒေါက်တာဝင်းမြင့်အောင်၊ တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​ဒေါ်ညွန့်ညွန့်ဌေး၊ ​မုံရွာခရိုင်​ပါတီဥက္ကဋ္ဌဦးအောင်တိုး၊ ခရိုင်အမျိုးသမီးရေးရာတာဝန်ခံဒေါ်ကြူမိုးသန့်နှင့်​ ခရိုင်​ပါတီ​ကော်
မတီဝင်​များ၊ ချောင်းဦးမြို့နယ်ပါတီဥက္ကဋ္ဌ ဦးသောင်းထိုက်နှင့်​မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊​ရပ်​ကွက်​ ​ကျေးရွာအုပ်​စုများမှပါတီဝင်​အမျိုးသမီးများ စုစု​ပေါင်းအင် အား (၁၀၀)ဦးခန့်​တက်​​ရောက်​ခဲ့​ကြပါသည်​။