ဗဟိုအတွင်းရေးမှူး ဧရာဝတီတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံ

 

လေးမျက်နှာ စက်တင်ဘာ ၃ဝ

ဧရာဝတီတိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသည် ဟင်္သာတခရိုင် လေး မျက်နှာမြို့နယ် ပါတီရုံးခန်းမတွင် ပါတီဗဟိုအတွင်းရေးမှူးဦးသန်းထွန်း နှင့် ဧရာဝတီတိုင်းဒေသကြီး ခရိုင်၊ မြို့နယ်များမှ ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင် များနှင့် ယမန်နေ့ နံနက် ၉ နာရီခွဲက တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံပွဲသို့ ပါတီဗဟိုအတွင်းရေးမှူး ဦးသန်း ထွန်းနှင့်အတူ ပါတီဗဟိုအလုပ်အမှု ဆောင်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဥာဏ်လင်း၊ ဗဟိုကော်မတီဝင် ဒေါက်တာဌေးဝင်းနှင့် တိုင်းဒေသ ကြီး ပါတီကော်မတီဝင်များ တက် ရောက်ခဲ့သည်။

တွေ့ဆုံပွဲတွင် ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် ပါတီရုံးခန်းမ ၌ ဟင်္သာတခရိုင်အတွင်းရှိ ခရိုင် ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ခြောက်မြို့ နယ်များမှ မြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင် များသည် မိမိတို့ တစ်ဦးချင်းစီ တာဝန်ယူထားသည့် ကဏ္ဍရေးရာ၊ကော်မတီလုပ်ငန်းများကို တစ်ဦးချင်းစီ၏ လုပ်ဆောင်ထားရှိမှု၊ နယ်မြေ ကွင်းဆင်းစစ်ဆေးမှုနှင့် မှတ်တမ်းထားရှိမှုများ၊Door to Door ကွင်းဆင်း မှုများကို အသီးသီးတင်ပြချက်များအပေါ် ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းက ဖြည့်စွက်ဆွေးနွေးခြင်း၊ ကဏ္ဍ၊ ရေးရာလှုပ်ရှားမှုများကို ယခုထက် စနစ်တကျရှိပြီး ကျစ်လျစ်ခိုင်မာစေရန် ဆောင်ရွက်ရမည့် အချက်များကိုလည်း ဖြည့်စွက်ဆွေးနွေးခဲ့သည်။ ခရိုင်၊ မြို့နယ်များမှ ပါတီစည်းရုံးရေးနှင့် ပါတီဝင်အင်အား စိစစ်ဆောင်ရွက်ထားရှိမှုများ၊ ပါတီတွင်းစည်းလုံးညီညွတ်ရေးအတွက် ဆောင်ရွက်ထားရှိမှုများ၊ စီမံချက် များ တိကျသေချာမှုရှိသည့် နယ်မြေကွင်းဆင်း စစ်ဆေးမှုအခြေအနေ များကို မှတ်တမ်းပြုစုထားရန် လမ်းညွှန်မှာကြားပြောကြားခဲ့ပြီး အစည်း အဝေးကို ညနေ ၄ နာရီတွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။

ကိုထိုက်