ရေစကြိုပြည်ခိုင်ဖြိုး ရပ်/ကျေးပြည်ခိုင်ဖြိုးပါတီ အမာခံကေဒါများ ရွေးချယ်ဖွဲ့စည်း

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မြို့နယ်ပါတီကော်မတီအဖွဲ့အနေဖြင့်ရပ်/ ကျေးအုပ်စု (၈၉) အုပ်စုအား ရပ်/ ကျေးပါတီ အစည်းအဝေး နှင့် အမာခံကေဒါများ ပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်းနှင့်ပတ်သက်ပြီး ကြီးကြပ်ရေး တာဝန်ခံအဖွဲ့ သုံးဖွဲ့ခွဲ၍ ပါတီ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်ပြင်ဆင်ရွေးချယ် ဖွဲ့စည်းလျက်ရှိသည်။

အဖွဲ့(၁)တွင် ဒေါ်စန်းစန်းရီ (မြို့နယ်ပါတီကော်မတီဝင်)အဖွဲ့ ခေါင်းဆောင်ပြီး ကော်မတီဝင်များ ဖြစ်ကြသော ဦးသံမဏိထွန်း၊ ဦးအောင်ဌေး၊ ဦးနေမျိုးဝင်းနှင့် ဒေါ်ဝင်းဝင်းသန့်၊ အဖွဲ့(၂)တွင် ဦးသိန်းလွင်(မြို့နယ်အတွင်းရေးမှူး) အဖွဲ့ခေါင်းဆောင်ပြီး ကော်မတီဝင် များဖြစ်ကြသော ဦးသောင်းနိုင်၊ ဦးဝင်းနိုင်ဦး၊ဦးထွန်းထွန်း၊ ဦးထွန်း ကိုကို၊အဖွဲ့(၃)တွင် ဦးချမ်းမင်း(မြို့ နယ်ပါတီကော်မတီဝင်)အဖွဲ့ခေါင်း ဆောင်ပြီး ကော်မတီဝင်များဖြစ် ကြသော ဦးကျော်သူရ၊ ဦးမင်း သန်းထက်၊ ဦးစောဝင်း၊ ဦးငွေဝင်း (စည်းမှူး)တို့သည် ဧပြီ ၂၆ရက် မှစတင်ကွင်းဆင်း၍ ပြန်လည်ဖွဲ့ စည်းခဲ့ကြသည်။ ကျေးရွာများကို အခြေခံကာ ရပ်/ကျေးပါတီအဖွဲ့ များ(အမာခံကေဒါများ)ကို ပြည်သူ များလက်ခံယုံကြည်၍ ဦးဆောင် နိုင်မည့် ပုဂ္ဂိုလ်များရရှိအောင်ပါတီ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း အပိုဒ် (၆၁)နှင့်အညီ ရွေးချယ်တာဝန်ပေး ဆောင်ရွက်လျက်ရှိသည်။
ရပ်/ကျေးပါတီအဖွဲ့ ပြန်လည် ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရာတွင် ရပ်/ ကျေးအုပ်စု ၈၉အုပ်စုရှိရာ ၈၇အုပ်စု ကို ပြန်လည်ဖွဲ့စည်းပြီးကြောင်း၊ မကြာမီရက်ပိုင်းအတွင်း ကျန်ရပ်/ ကျေးအုပ်စုအားလုံးပြန်လည်ပြင်ဆင် ရွေးချယ်ဖွဲ့စည်းမည်ဖြစ်သည်။

သိန်းလွင်


Leave a Reply