နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း (၁/၂၀၁၇) ကျင်းပ

နိုဝင်ဘာ၂၅

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ကျင်းပသော နိုင်ငံရေးစီမံ ခန့်ခွဲမူ(ဆင့်ပွား) သင်တန်း (၁/၂၀၁၇) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၈) နာရီအချိန်၌ မြို့နယ်ပါတီကော်မတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ တိုင်းဒေသကြီး ပါတီနာယက (ပထမ) အကြိမ် မှော်ဘီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးကြည်မြင့်၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးသာဝင်း၊ မြောက်ပိုင်းခရိုင်တာဝန်ခံ တိုင်းပါတီ ကော်မတီဝင် ဒေါက်တာနေလင်းနှင့် ဦးခင်မောင်တင့်၊ မြောက်ပိုင်းခရိုင်ကော်မတီဝင် ဦးမျိုးဇော်နှင့် ဦးဝင်းစိုး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးလှဦးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ သင်တန်းသား/သူ (၅၀) ဦး တက်ရောက်ခဲ့ကြပါ သည်။
ဖွင့်ပွဲအခမ်းအနားအား နိုင်ငံတော်အလံကို အလေးပြုကာ နိုင်ငံသီချင်းသီဆိုဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးသာဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနား ပြီးစီးချိန်မှစတင်၍ မြောက်ပိုင်းခရိုင်တာဝန်ခံ၊ ဒေါက်တာနေလင်းမှ အမျိုးသားနိုင်ငံရေးနှင့်ကာကွယ်စောင့်ရှောက်ရမည့် သမိုင်းပေး တာဝန် သင်ခန်းစာအား စတင်ပို့ချနေကြောင်းသိရှိရပါသည်။