လယ်ဝေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်အတွေ့အကြုံရှင်းလင်းပွဲကျင်းပ

 

နေပြည်တော် လယ်ဝေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခွဲက လယ်ဝေးမြို့နယ် လူငယ်အဖွဲ့ဝင်များ အတွေ့အကြုံရှင်းလင်းပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အတွေ့အကြုံရှင်းလင်းပွဲသို့ ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီနာယက ဦးမှတ်ကြီး၊ ပြည်ထောင်စုနယ်မြေ လူငယ်တာဝန်ခံ ဦးကျော်ဌေး၊ နေပြည်တော်ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ ခရိုင်ကော်မတီဝင်၊ မြို့နယ်တာဝန်ခံ ဒေါ်ယဉ်ယဉ်အေး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်တင်နွယ်ဦးနှင့် မြို့နယ်ကော်မတီဝင်များ၊ ပြည်ထောင်စုနယ်မြေလူငယ်တာဝန်ခံ ဒေါ်သီတာဝင်း၊ မြို့နယ်လူငယ်တာဝန်ခံ ဦးကျော်သက်နိုင်နှင့် လူငယ်အဖွဲ့ဝင်များဖြင့် ရပ်/ကျေးဥက္ကဋ္ဌနှင့် ကော်မတီဝင်များ အင်အား ၂ဝဝ ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို နေပြည်တော်ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦး က ယနေ့နိုင်ငံရေး၊ ရခိုင်အရေး၊ အချုပ်အခြာအာဏာ၊ ဘာသာရေး၊ စီးပွားရေး၊ လူငယ်ဖွံ့ဖြိုးရေးတို့ဖြင့် နှုတ်ခွန်းဆက်စကားပြောခဲ့ပြီး ပြည်ထောင်စုနယ်မြေ လူငယ်တာဝန်ခံ ဒေါ်သီတာဝင်း၊ မြို့နယ်လူငယ်တာဝန်ခံ ဦးကျော်သက်နိုင်၊ မြို့နယ်လူငယ်ဦးသန်းဇော်ဦးတို့က လူငယ်အတွေ့အကြုံများ ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည်ထောင်စုနယ် မြေ လူငယ်တာဝန်ခံ ဦးကျော်ဌေးက လူငယ်လုပ်ငန်းစဉ်များကို ဖြည့်စွက်ရှင်းလင်းပြောကြားခဲ့ပြီးနောက် ပြည်သူ့အကျိုးပြုလုပ်ငန်း များ ဆက်လက်ဆောင်ရွက်သွားကြရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသော မြို့နယ်ကော်မတီဝင်နှင့် ရပ်/ကျေးဥက္ကဋ္ဌများက စည်းရုံးရေး၊ ဒေသဖွံ့ဖြိုးရေး ပါတီအောင်နိုင် ရေးများ ဆွေးနွေးခဲ့ကြပြီးနောက် နာယကဦးမှတ်ကြီးက နိဂုံးချုပ် စကားပြောကြားခဲ့ပြီး ပြည်ခိုင်ဖြိုးလူငယ်သီချင်းဖြင့် မွန်းတည့် ၁၂ နာရီတွင် အတွေ့အကြုံရှင်းလင်းပွဲပြီးဆုံးခဲ့ကြောင်း သိရသည်။

အောင်အောင်(နေပြည်တော်)