ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင်ကော်မတီနာယက ဦးသိန်းစိန် အား စင်ကာပူသမ္မတနိုင်ငံ ဂုဏ်ထူးဆောင် ဝါရင့်ဝန်ကြီး မစ္စတာဂိုချောက်တောင် လာရောက်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီ နာယက ဦးသိန်းစိန်အား စင်ကာပူသမ္မတနိုင်ငံ ဂုဏ်ထူးဆောင် ဝါရင့်ဝန်ကြီး မစ္စတာဂိုချောက်တောင် ခေါင်းဆောင်သည့် ဦးစီးအဖွဲ့က မတ်လ (၁၅) ရက် မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ Hotel Royal Ace ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးနှင့်ပြည်သူ့အကျိုးပြုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပါတီဗဟိုဦးဆောင်ကော်မတီနာယက ဦးသိန်းစိန်၊ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝဏ္ဏမောင်လွင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။