
ပဲခူး နိုဝင်ဘာ ၅




==================

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး ပေါင်းစပ်ညှိနှိင်းရေးတာဝန်ခံဦးလှသိန်း ပဲခူးတိုင်းဒေသကြီးသိုနယ်မြေကွင်းဆင်း တွေ့ဆုံဆွေးနွေး

ပဲခူး နိုဝင်ဘာ ၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး ပေါင်းစပ်ညှိနှိင်းရေးတာဝန်ခံဦးလှသိန်းသည် ပဲခူးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးရဲမြင့်ထွန်းတိုင်း၊ခရိုင်၊မြိုနယ်၊ရပ်ကျေးပါတီ ပါတီတာဝန်ရှိသူများသည် နိုဝင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းက တွေ့ဆုံညှိနှိင်းစည်းဝေးခဲ့ကြပြီး ၊ ပဲခူးမြိုနယ် အတွင်းရှိ ကလိကျေးရွာ နှင့်အဝိုင်းကျေးရွာများသိုသွားရောက်၍ ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့ပါသည်။

ရှေးဦးစွာဗဟိုအလုပ်အမှုဆောင်ဦးလှသိန်းနှင့် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးရဲမြင့်ထွန်းတိုသည် တိုင်း၊ခရိုင်၊မြိုနယ်ပါတီတာဝန်ရှိသူများ ပဲခူးတိုင်းဒေသကြီးအတွင်းရှိမြိုနယ်များ၏ ပါတီဝင်စာရင်းမြေပြင်တိုက်ဆိုင်စစ်ဆေးပြီးစီးမှုအခြေအနေများ ၊ UECနှင့် အတည်ပြုစစ်ဆေးပြီးစီးမှုအခြေအနေများ ၊ အတည်ပြုပြီးစီးခြင်းအနေအခြေများအားအသေးစိတ် ဆွေးနွေးခဲ့ပြီး၊ ပြည့်မဏ္ဍိုင်လူထုတွေ့ဆုံမှုလုပ်ငန်းစဉ်နှင့်ပက်သက်သည့်အသေးစိတ်အချက်အလက်များနှင့် (Key Performance Index Check List) ပါအချက်(၁၇)ချက်မှန်မှန်ကန်ကန်ဖြည့်သွင်းနိုင်ရေး
၊ လူငယ်နှင့် အမျိုးသမီးအင်အားအသစ်များ တိုးပွားရရှိအောင် ဆောင်ရွက်ရေးကိစ္စရပ်များနှင့် (Project Circle Management) ပါအချက်အလက်များကိုထည့်သွင်းဆွေးနွေးပြောကြားခဲ့ပြီး ဆွေးနွေးချက်များအပေါ် ပါတီ၏ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး ပေါင်းစပ်ညှိနှိင်းရေးတာဝန်ခံဦးလှသိန်းမှ လုပ်ငန်းလမ်းညွန်ခြင်း ၊ ပေါင်းစပ်ညှိနှိင်းခြင်းတိုကို ဆောင်ရွှက်ခဲ့သည်။ ပြီးနောက်ပဲခူးမြိုနယ်အတွင်းရှိ ကလိကျေးရွာ နှင့်အဝိုင်းကျေးရွာသို သွားရောက်၍ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ မိမိတိုပါတီ၏လက်ရှိလှုပ်ရှားဆောင်ရွှက်နေမှုအခြေအနေများ ၊ နိုင်ငံ၏ပကတိနိုင်ငံရေးအခြေအနေများ ၊ ပါတီဗဟို၏လှုပ်ရှားဆောင်နေမှုအခြေအနေများ ၊ ပြည့်မဏ္ဍိုင်လူထုတွေ့ဆုံမှုလုပ်ငန်းစဉ်နှင့်ပက်သက်သောကိစ္စရပ်များ စသည်တို ပါတီ၏တာဝန်ရှိသူများမှ ပြည်သူများအားအသေးစိတ် တွေ့ဆုံဆွေးနွေး ရှင်းလင်းပြောကြားခဲ့သည်။

ရှင်းလင်းချက်များအပေါ် ဒေသခံပြည်သူများမှ ပြန်လည်ဆွေးနွေးခြင်း မေးမြန်းခြင်း အကြံပြုခြင်း ဒေသဖွံဖြိုးရေးဆိုင်ရာ ကိစ္စရပ်များအား တင်ပြခြင်း တိုကိုဆောင်ရွှက်ခဲ့ပြီး ၊ တင်ပြ အကြံပြုချက်များအား မှတ်တမ်းတင်ခြင်း ၊ ကတိပြုခြင်းများအား ဆောင်ရွှက်ခဲ့ပြီး တက်ရောက်လာကြသောပြည်သူများအား ရင်းနှီးစွာတွေ့ဆုံနှုက်ဆက်၍ တွေ့ဆုံဆွေးနွေးပွဲကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။