ေက်ာက္ဆည္ၿမိဳနယ္ ျပည္ခိုင္ၿဖိဳးပါတီ ေတာင္သူလယ္သမားေရးရာက႑ ေတြဆုံပြဲ ျပဳလုပ္

ေက်ာက္ဆည္ နိုဝင္ဘာ ၅

မႏၲေလးတိုင္းေဒသႀကီး ေက်ာက္ဆည္ၿမိဳနယ္ ျပည္ခိုင္ၿဖိဳးပါတီသည္ေတာင္သူလယ္သမားေရးရာက႑ ေတြ႕ဆုံပြဲကို ၿမိဳနယ္ပါတီ အစည္းအေဝးခန္းမတြင္ ယေန႔ နံနက္(၉း၀၀)နာရီအခ်ိန္တြင္ က်င္းပျပဳလုပ္ခဲ့ပါသည္။

အဆိုပါအစည္းအေဝးသို ခရိုင္ပါတီဥကၠဌ ဦးေအာင္ျမင့္သန္း၊ ခရိုင္ေကာ္မတီဝင္ ဦးေမာင္စိန္၊ၿမိဳနယ္ပါတီဥကၠဌဦးစိုးစိုးထြန္း၊အတြင္းေရးမႉး ဦးတင္မင္းျမတ္ဦး ၊ ၿမိဳနယ္ေကာ္မတီဝင္မ်ား ၊ရပ္ေက်းမွ ေတာင္သူဦးႀကီးမ်ားႏွင့္ ဖိတ္ၾကားထားေသာ ဧည့္သည္ေတာ္မ်ား တက္ေရာက္ၾကပါသည္။

ေရွးဦးစြာ ခရိုင္ပါတီဥကၠဌ ဦးေအာင္ျမင့္သန္း မွ နယ္ေျမေဒသအသီးသီးမွ တက္ေရာက္လာသူမ်ားအား တစ္ဦးခ်င္း မိတ္ဆက္စကားေျပာၾကားၿပီး၊ေဒသတြင္း ေတာင္သူလယ္သမားမ်ား၏ လက္ရွိလုပ္ေဆာင္ေနေသာ အေျခခံအေၾကာင္းအရာမ်ား ေမးျမန္းေဆြးေႏြးၿပီးေနာက္ ၿမိဳနယ္ပါတီဥကၠဌ ဦးစိုးစိုးထြန္းမွ အ‌ေျခခံစိုက္ပ်ိဳးေရးနည္းပညာမ်ားအေၾကာင္း၊ ေတာင္သူလယ္သမားမ်ား၏ ေတြ႕ၾကဳံ ေနေသာ အခက္အခဲမ်ားအား သက္ဆိုင္ရာဝာာဝန္ရွိသူမ်ားႏွင့္ ပူးေပါင္းေျဖရွင္းေပးမည္ျဖစ္ေၾကာင္းႏွင့္ ေဒသအတြင္း ေတာင္သူလယ္သမားက႑ျမႇင့္တင္ေရးကို ၿမိဳနယ္ပါတီမွ သက္ဆိုင္ရာတာ၀န္ရွိသူမ်ား၊ စိုက္ပ်ိဳးေရးပညာရွင္မ်ားႏွင့္ပူးေပါင္းၿပီး စိုက္ပ်ိဳးေရးနည္းပညာမၽွေဝမႈမ်ား ျပဳလုပ္ေပးသြားမည္ျဖစ္ေၾကာင္း အေသးစိတ္လမ္းညြန္ေျပာၾကားမႈမ်ားျပဳခဲ့ပါသည္။

ထို႔ေနာက္ တက္ေရာက္လာေသာေတာင္သူမ်ားႏွင့္ ဧည့္သည္ေတာ္မ်ား မွ အျပန္အလွန္ေဆြးေႏြးတင္ျပၾကၿပီး အစည္းအေဝးကို ( ၁၁း၂၀) တြင္ ၿပီး‌ေျမာက္ခဲ့ေၾကာင္းသတင္းရရွိပါသည္။

====================

ကျောက်ဆည်မြိုနယ် ပြည်ခိုင်ဖြိုးပါတီ တောင်သူလယ်သမားရေးရာကဏ္ဍ တွေဆုံပွဲ ပြုလုပ်
ကျောက်ဆည် နိုဝင်ဘာ ၅

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြိုနယ် ပြည်ခိုင်ဖြိုးပါတီသည်တောင်သူလယ်သမားရေးရာကဏ္ဍ တွေ့ဆုံပွဲကို မြိုနယ်ပါတီ အစည်းအဝေးခန်းမတွင် ယနေ့ နံနက်(၉း၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို ခရိုင်ပါတီဥက္ကဌ ဦးအောင်မြင့်သန်း၊ ခရိုင်ကော်မတီဝင် ဦးမောင်စိန်၊မြိုနယ်ပါတီဥက္ကဌဦးစိုးစိုးထွန်း၊အတွင်းရေးမှူး ဦးတင်မင်းမြတ်ဦး ၊ မြိုနယ်ကော်မတီဝင်များ ၊ရပ်ကျေးမှ တောင်သူဦးကြီးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။

ရှေးဦးစွာ ခရိုင်ပါတီဥက္ကဌ ဦးအောင်မြင့်သန်း မှ နယ်မြေဒေသအသီးသီးမှ တက်ရောက်လာသူများအား တစ်ဦးချင်း မိတ်ဆက်စကားပြောကြားပြီး၊ဒေသတွင်း တောင်သူလယ်သမားများ၏ လက်ရှိလုပ်ဆောင်နေသော အခြေခံအကြောင်းအရာများ မေးမြန်းဆွေးနွေးပြီးနောက် မြိုနယ်ပါတီဥက္ကဌ ဦးစိုးစိုးထွန်းမှ အ‌ခြေခံစိုက်ပျိုးရေးနည်းပညာများအကြောင်း၊ တောင်သူလယ်သမားများ၏ တွေ့ကြုံ နေသော အခက်အခဲများအား သက်ဆိုင်ရာဝာာဝန်ရှိသူများနှင့် ပူးပေါင်းဖြေရှင်းပေးမည်ဖြစ်ကြောင်းနှင့် ဒေသအတွင်း တောင်သူလယ်သမားကဏ္ဍမြှင့်တင်ရေးကို မြိုနယ်ပါတီမှ သက်ဆိုင်ရာတာ၀န်ရှိသူများ၊ စိုက်ပျိုးရေးပညာရှင်များနှင့်ပူးပေါင်းပြီး စိုက်ပျိုးရေးနည်းပညာမျှဝေမှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း အသေးစိတ်လမ်းညွန်ပြောကြားမှုများပြုခဲ့ပါသည်။

ထို့နောက် တက်ရောက်လာသောတောင်သူများနှင့် ဧည့်သည်တော်များ မှ အပြန်အလှန်ဆွေးနွေးတင်ပြကြပြီး အစည်းအဝေးကို ( ၁၁း၂၀) တွင် ပြီး‌မြောက်ခဲ့ကြောင်းသတင်းရရှိပါသည်။