ကချင်ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီ လုပ်ငန်းညှိနှိုင်းစည်းဝေး

13346630_1758632847688284_7203503272350427916_n

ကချင်ပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီများ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မေလ (၃၁) ရက် နံနက် (၉) နာရီ အချိန်က မြစ်ကြီးနားမြို့ ပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ ဗဟိုအကြံပေး (ကချင်ပြည်နယ်တာဝန်ခံ) ဦးသိန်းဇော်၊ တက်ရောက်၍ အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးလဂျွန်ငန်ဆိုင်းက အမှာစကားပြောကြားကာ တက်ရောက်လာကြသော ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီ နာယကများ၊ ပြည်နယ်ပြန်လည်ရွေးချယ်ရေးကော်မတီအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်အဟောင်း၊ အသစ် များက ပါတီပြန်လည်ဖွဲ့စည်းထားရှိမှု ရှေ့လုပ်ငန်းစဉ်များ၊ ပါတီ၏အားနည်းချက်၊ အားသာချက်များကို အကြံပြု တင်ပြခဲ့ကြရာ ဦးသိန်းဇော်က အကြံပြုတင်ပြချက်များအပေါ် ဖြည့် စွက်စကား ပြောကြား ခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်မှ ပေးပို့လှူဒါန်းသော ဆော့လော် မြို့နယ် လန်ဆယ်ကျေးရွာ ရေးဘေးသင့် ပြည်သူများအတွက် ငွေကျပ်သိန်း ၅ဝ၊ တနိုင်းမြို့နယ် လေဘေးသင့် ပြည်သူများအတွက် ငွေကျပ် ၁ဝ သိန်းတို့အား ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဗဟိုအကြံပေး ကချင်ပြည်နယ်တာဝန်ခံ ဦးသိန်းဇော်က ကိုယ်စားပေးအပ် လှူဒါန်းရာ သက်ဆိုင်ရာမြို့နယ် ပါတီတာဝန်ရှိသူများက လက်ခံကြ ပြီး ဦးသိန်းဇော်က နိဂုံးချုပ်အမှာ စကားပြောကြားပြီး အခမ်းအနား ကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ယင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအကြံပေး ကချင်ပြည်နယ်တာဝန်ခံ ဦးသိန်းဇော်၊ ကချင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးလဂျွန်ငန်ဆိုင်း၊ တွဲဖက် အတွင်းရေးမှူး ဦးစိုးသိန်း၊ ပြည်နယ်ပါတီကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း၊ အသစ်များ၊ ပါတီနာယကများ၊ ခရိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ ပြန်လည်ရွေးချယ်ရေး အဖွဲ့များတက်ရောက်ခဲ့ကြကြောင်း သိရသည်။

Usdp Kachin


Leave a Reply