ပြည်ခိုင်ဖြိုးပါတီ မိသားစုဝင်များစုပေါင်း၍ အာဟာရဒါန ကျွေးမွေး

မိုးညှင်း ဇွန် ၂၈

မိုးညှင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မိသားစုများစုပေါင်း၍ ယနေ့နံနက် ၁၀:၃၀အချိန် ကာဒူကျေးရွာအုပ်စု အလယ်တန်းကျောင်း(ခွဲ)ကျောင်းသား/သူ ၃၀၀ ကျော် ထွန်းမူကြိုကျောင်းမှ ခလေးများနှင့် ခရစ်ယာန်မူကြိုခလေးများကို ပြည်ခိုင်ဖြိုးပါတီမိသားစုများ စုပေါင်း၍အာဟာရဒါနကျွေးမွေးခဲ့ကြသည်။

စုပေါင်းအာဟာရဒါနကျွေးမွေးပွဲကို ခရိုင်အတွင်းရေးမှူး ဦးခိုင်ဇော်ထွန်း ခရိုင်လူငယ် နိုင်မင်းထွန်း၊ စိုးဟေမာ မြို့နယ်ဥက္ကဌ ဦးထက်အောင် အတွင်းရေးမှူး ဦးဇော်ဝင်း မစန်းစန်းဝင်းနှင့် ကာဒူကျေးရွာ ပါတီဝင် မိသားစုများနှင့်အတူကျွေးမွေး ခဲ့ကြပြီးရွာဦးကျောင်းဆရာတော်အား သွားရောက်ကန်တော့ခဲ့ကြသည်။