ဆီရီနာဝီလျံ ဝင်ဘယ်ဒန် ပထမအဆင့်မှာ ရှုံးနိမ့်

ဝင်ဘယ်ဒန် ခုနစ်ကြိမ် ချန်ပီယံ ဆရီနာဝီလျံက ပထမဆုံး ဝင်ဘယ်ဒန် ပြိုင်ပွဲဝင်နေတဲ့ ပြင်သစ်သူကို ပထမအဆင့်မှာပဲ မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့ပြီး ၂ နှစ်ဆက်တိုက် ပထမအဆင့်ကနေ လှည့်ပြန်ခဲ့ရပါတယ်။ အမေရိကန်သူ ဆီရီနာက မနှစ်တုန်းက ခြေထောက်ဒဏ်ရာ ကြောင့် အနားယူခဲ့ရပြီးနောက်မှာ ဒီနှစ်ပြိုင်ပွဲမှာ အမျှော်လင့်ကြီး မျှော်လင့်ထားကြပေမယ့် ကမ္ဘာ့အဆင့် ၁၁၅ ရှိတဲ့ ပြင်သစ်သူ ဟာမိုနီတန်က ၇-၅၊ ၁-၆၊ ၇-၆(၁၀-၇)နဲ့ အနိုင်ယူသွားခဲ့ပါတယ်။ မနှစ်က ဝင်ဘယ်ဒန်မှာ အဲလီလက်ဆန်ဒရာနဲ့ပွဲမှာ အနားယူခဲ့ပြီးနောက် ပထမဆုံးပြန်ကစားတဲ့ တစ်ဦးချင်းပွဲ ၃ နာရီ ၁၁ မိနစ်အတွင်းမှာ ဒရာမာပေါင်းစုံ ခံစားချက်ပေါင်းစုံ ပြသပြီးအစွမ်းကုန် ကြိုးစားခဲ့ပေမယ့် ဆီရီနာက နောက်ဆုံးမှာ ပြင်သစ်သူကို ရှုံးသွားခဲ့ပါတယ်။  “ကျွန်မ အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။ ဆီရီနာက စူပါစတားပါ။ ကျွန်မ ငယ်ငယ်တုန်းက သူ့ရဲ့ပွဲတွေကို တီဗွီမှာ အများကြီး ကြည့်ခဲ့ရပါတယ်။ ဒါက ကျွန်မရဲ့ပထမဆုံး ဝင်ဘယ်ဒန်ပါ။ တကယ့်ကို မယုံနိုင်စရာပါပဲ” လို့ ၂၄ နှစ်အရွယ် ဟာမိုနီတန်ကပြောပါတယ်။