စပိန်နန်းတော်မှ ချီးမြှင့်တဲ့ Queen Sofia ဆုကို လက်ခံရရှိခဲ့တဲ့ မာတာ

မန်​ယူအသင်းရဲ့ စပိန်​ကွင်းလယ်​ကစားသမားမာတာဟာ စပိန်​ဘုရင်​မကြီးဆိုဖီယာ ကိုယ်​တိုင်​ချီးမြှင့်​တဲ့ ” Queen Sofia” ဆုကို စပိန်​နန်း​တော်​ အယ်​လ်​ပါဒိုမှာ မ​နေ့က လက်​ခံရယူခဲ့တယ်​လို့ သိရပါတယ်​။ ဘုရင်​မကြီးဆိုဖီယာဟာ Common Goal လို့ ​ခေါ်တဲ့ ပရဟိတအဖွဲ့အစည်းတစ်ခုကို တည်​​ထောင်ကာအများအကျိုးကို ​ဆောင်ရွက်နေတဲ့ မာတာ ရဲ့လုပ်​ရပ်​ကို ဂုဏ်​ပြုတဲ့အ​နေနဲ့ အခုလို ​တော်​၀င်​ဆုတံဆိပ်​တစ်​ခုကို ​ပေးအပ်​ချီးမြှင့်​ခဲ့တာ ဖြစ်​တယ်​လို့ သိရပါတယ်​။

မာတာဟာ ၎င်းရရှိ​နေတဲ့ လစာရဲ့ ၁ ရာခိုင်​နှုန်းကို လိုအပ်​​နေတဲ့သူ​တွေကို ​ထောက်​ပံ့​ပေးတဲ့ Common Goal ပ​ရော ဂျက်​ကို ၂၀၁၇ ခုနှစ်​ ​၈ လပိုင်းမှာ စတင်​မိတ်​ဆက်​ကာ တခြားအားကစားသမား​တွေကိုလည်း သူနဲ့အတူ အဲ့ဒီပ​ရောဂျက် ​မှာ ပါဝင်​​ပေးဖို့ အကူအညီ​တောင်းခဲ့ပါတယ်​။ ၁ နှစ်​ခွဲအကြာ လက်​ရှိအချိန်​မှာ​တော့ Common Goal ပရဟိတအဖွဲ့ ကို အားကစားသမား​တွေနဲ့ တခြားနယ်​ပယ်​ကလူ​တွေ အပါအ၀င်​ လူ​ပေါင်း ၄၂၆ ​ယောက်ဟာ အဖွဲ့ဝင်​အဖြစ်​ ၀င်​​ရောက်​ထားတယ်​လို့ သိရပါတယ်​။

ပြီးခဲ့တဲ့လတုန်းက Common Goal ပရဟိတအဖွဲ့က တာဝန်​ရှိသူ​တွေဟာ အလှူ​ငွေ​စုစု​ပေါင်း ​ပေါင်​ ၈၀၀,၀၀၀ အထိ လက်​ခံရရှိထားတယ်​လို့ တရားဝင်​ထုတ်​ပြန်​ခဲ့ပြီး အကူအညီလိုအပ်​​နေတဲ့ သူ​တွေကို တက်​စွမ်းသ​လောက်​ ကူညီသွားမယ်​လို့ ​အသိ​ပေး​ပြောဆိုခဲ့ပါတယ်​။ Common Goal ဟာ အခုချိန်​မှာ HIV , AIDS ​​ရောဂါ​ဝေဒနာကို ခံစား​နေရတဲ့ သူ​တွေအပြင်​ တခြား​ရောဂါ​ဝေဒနာရှင်​​တွေကိုလည်း တက်​နိုင်​သ​လောက်​ အကူအညီ​ပေး​နေတယ်​လို့ သိရပါတယ်​။ Common Goal အဖွဲ့ကို မကြာ​သေးခင်​ကမှ ၀င်​​ရောက်​လာခဲ့တဲ့ ဘရိုက်​တန်​ကစားသမားဘာလိုဂန်​က သူ့အ​နေနဲ့ ဒီအဖွဲ့ထဲကို ဘာ​ကြောင့်​ ၀င်​ခဲ့တာလဲဆိုတာကို အင်​တာဗျုးတစ်​ခုမှာ အခုလို ​ပြောသွားခဲ့ပါတယ်​။

သူက ” ကျ​နော့်ဘ၀​လောက်​ ကံ​မ​ကောင်းဘဲ အကူအညီလိုအပ်​​နေတဲ့ လူ​တွေကို ကျ​နော်​ကူညီ​ပေးချင်​ပါတယ်​ ၊ ကျ​နော်​တို့​တွေဟာ လူမှုပတ်​၀န်းကျင်​မှာ လူ​တွေ စံထားရတဲ့ ပုဂ္ဂိုလ်​​တွေ ဖြစ်​​အောင်​ ​နေထိုင်​ရမှာပါ ၊ ကိုယ့်​ဘ၀​လောက်​အ​ခြေ အ​နေမ​ကောင်းတဲ့ သူ​တွေ ​​ငွေကုန်​​ကြေးကြများတဲ့ ကုသမှု​တွေကို မတက်​နိုင်​တဲ့ ​ရောဂါ​ဝေဒနာရှင်​​တွေကို ကူညီ​ပေးရပါ လိမ့်​မယ်​ ” လို့ ​​ပြောကြားခဲ့ပါတယ်​။

Common Goal ပရဟိတအဖွဲ့ကြီးဟာ အဆင်​​ပြေစွာ​ ရှေ့ဆက်​​နေပြီး အများအကျိုးကို​ ဆောင်ရွက်ရာမှာ အောင်မြင်​နေတဲ့ အတွက်​ စပိန်​နန်း​တော်​မှ ​တော်​၀င်​ ဆုတံဆပ်​ပေးအပ်​ချီးမြှင့်​ခံရတဲ့ မာတာကို မန်ယူ ပရိသတ်တွေ သာမက တခြား အသင်းက ပရိသတ်​​တွေနဲ့​ဘောလုံး​လောကအပြင်​က လူ​တွေအားလုံးကပါ ဆိုရှယ်​မီဒီယာ​ပေါ်​တွေ​ပေါ်မှာ ချီးကျူးဂုဏ်​ပြုခဲ့ကြတယ်​လို့ သိရပါတယ်။  

* 90Minutes