အောင်မြေသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီက မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် သက်ကြီးဘိုးဘွားများအား ကူညီထောက်ပံ့

 

မန္တလေး စက်တင်ဘာ

အောင်မြေသာစံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်အတွင်းရှိ အမရဌာနီ အရှေ့အမရ ဌာနီအနောက်နှင့် ညောင်ကွဲရပ်ကွက်များအတွင်း နေထိုင်သော အသက် (၈၅နှစ်) အထက် သက်ကြီး ဘိုးဘွားများကို ယမန်နေ့ နံနက် ၁ဝ နာရီမှ မွန်းတည့် ၁၂ နာရီအထိ မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ အိမ်တိုင်ရာရောက် လှည့်လည် ပူဇော်ကန်တော့၍ အလှူငွေနှင့်စား သောက်ဖွယ်ရာပစ္စည်းများကို ထောက်ပံ့ကူညီလျက်ရှိသည်။

ထို့သို့ ပူဇော်ကန်တော့ရာသို့ မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီမှ ပါတီဗဟိုကော်မတီဝင်နှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များဖြစ်ကြသော ဦးမျိုးမြင့်၊ ဦးကျော်စန်း၊ မန္တလေးခရိုင်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးဘိုသင်း၊ ခရိုင် ပါတီကော်မတီဝင်များဖြစ်ကြသော ဦးသောင်းညွန့်၊ ဦးညီညီမင်း၊ အောင်မြေသာစံမြို့နယ် ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးကိုကိုလေး၊ မြို့ နယ်ပါတီကော်မတီဝင်များ၊ ရပ် ကွက်ပါတီကော်မတီဝင်များ လိုက် ပါခဲ့ကြကြောင်း သိရသည်။

အောင်မြေသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ယခုလ ၁ ရက်မှ ယနေ့အချိန်ထိ မြို့နယ် အတွင်းရှိ အနှိပ်တော်၊ ဒေါနဘွား၊ ဘုန်းတော်တိုး၊ အိုးဘိုရွှေကျင်၊ ဥပုသ်တော်၊ မဟာဇေယျာဘုံ၊ အမရဌာနီအရှေ့၊ အမရဌာနီအနောက်နှင့် ညောင်ကွဲစသည့် ရပ်ကွက်များ တွင် နေထိုင်လျက်ရှိသော အသက် ၈၅ နှစ်သက်ကြီးဘိုးဘွား စုစု ပေါင်း ၃ဝ ကို ပူဇော်ကန်တော့၍ ထောက်ပံ့ကူညီခဲ့ကြောင်း သိရ သည်။

သူရ