တောင်တွင်းကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ကံပေးကြီးကျေးရွာအုပ်စုမှ ပြည်သူများနှင့် တွေ့ဆုံ

 

တောင်တွင်းကြီး၊ အောက်တိုဘာ

တောင်တွင်းကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယနေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသန်းဝင်း၊ တိုင်းဒေသကြီး အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစောဝင်းမောင်နှင့် ချင်းတိုင်းရင်းသား ကိုယ်စားလှယ်  ဦးသန်းဌေး (ခ) ဦးဂါပီတို့သည် ကန်ပေးကြီးကျေးရွာအုပ်စုမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ စည်းရုံးဟောပြောခြင်းများ ​ဆောင်ရွက်ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် ဒေသခံပြည်သူများနှင့် အပြန်အလှန်ဆွေးနွေးခြင်း ပြည်သူများ၏ ရင်တွင်းစကားသံများ၊ ပြည်ခိုင်ဖြိုးပါတီအပေါ် ထားရှိသည့် စိတ်နေစိတ်ထားများ၊ ဝန်းရံအားပေးမှုများ တွေ့ရှိခဲ့ရပြီး ဒေသခံပြည်သူများမှ လှိုက်လှိုက်လဲလဲ ကြိုဆိုခဲ့​ကြောင်း သိရသည်။