ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲသို့ ဗဟိုအတွင်းရေးမှူး တက်ရောက်အားပေးပြီး ဂုဏ်ပြုကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြား
ရေနံချောင်း၊ သြဂုတ်၊ ၉
ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့ ၀၉း ၀၀ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး မကွေးခရိုင်၊ ရေနံချောင်းမြို့နယ် သူဌေးကုန်းရပ်ကွက် ယာကြီးပြင်ရပ်၊ ရန်အောင်မြင်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး၊ မကွေးတိုင်းဒေသကြီးတာဝန်ခံ ဦးပိုက်ထွေး၊ ဗဟိုအလုပ်အမှုဆောင်၊ တိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမောင်မောင်ဌေး၊ အတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ တိုင်းပါတီကော်မတီဝင်များဖြစ်ကြသော ဦးဟန်မောင်၊ ဦးစောဝင်းမောင်၊ဦးအောင်နိုင်၊ မကွေးခရိုင်ပါတီဥက္ကဌ ဦးထွန်းရှိန်၊ ခရိုင်ပါတီကော်မတီဝင် ဦးအောင်နိုင်၊ မြို့နယ်ပါတီဥက္ကဌ ဦးအောင်နိုင်ဝင်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဌများ၊ ပါတီဝင်များ စုစုပေါင်း အင်အား ၃၀၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည် ။
အခမ်းအနားကို နိုင်ငံတော်အလံအလေးပြုခြင်း၊နိုင်ငံတော်သီချင်းသီဆိုခြင်းတို့ဖြင့် ဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပါတီဥက္ကဌမှ အခမ်းအနားကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းခြင်း၊ ပါတီဝင်များကိုယ်စား ရပ်ကွက်ပါတီဝင်တစ်ဦးမှ ပါတီဝင်အဆိုပြုလွှာများ ပေးအပ်ရာ မြို့နယ်ပါတီဥက္ကဌမှ လက်ခံရယူခြင်း၊ ပါတီဝင်ကြေးများအား မြို့နယ်ပါတီအတွင်းရေးမှူးမှ လက်ခံရယူခြင်း၊ ဒေသခံပြည်သူတစ်ဦးမှ ပြည်ခိုင်ဖြိုးပါတီသို့ ဝင်ရောက်လာရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ ဗဟိုအတွင်းရေးမှူးမှ ကြိုဆိုနှုတ်ခွန်းဆက်စကား မကွေးတိုင်းဒေသကြီးပါတီဥက္ကဌမှ နှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ တိုင်းပါတီကော်မတီဝင် ဦးဟန်မောင်မှ ပါတီမူဝါဒနှင့် လုပ်ငန်းစဉ်များ ရှင်းလင်းခြင်း၊ ပါတီဝင်အသစ်များအား ရင်ထိုးတံဆိပ်တပ်ဆင်ပေးခြင်းများ ဆောင်ရွက်ကြပြီး ၁၁း ၅၀ နာရီအချိန်တွင် အခမ်းအနားပြီးမြောက်ခဲ့ကြောင်းနှင့် ရေနံချောင်း မြို့ပေါ် ၁၄ ရပ်ကွက်တွင် ၆ ရပ်ကွက်မှ ပါတီဝင်
အသစ် ၃၁၅ ဦး ဝင်ရောက်လာခြင်းဖြစ်ပြီး ကျန် ၈ ရပ်ကွက်ရှိ ပါတီအသစ်များ ဝင်ရောက်လာမှုအား စစ်စစ်ပြုလုပ်၍ အခမ်းအနားကျင်းပပြုလုပ်ဦးမှာ ဖြစ်ကြောင်း သိရှိရသည် ။
မင်းဇော်