ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲတွင် ဂျိုကိုဗစ် ဗိုလ်စွဲ

မနေ့ကယှဉ်ပြိုင်သွားတဲ့ ဝင်ဘယ်ဒန်အိုးပန်း တင်းနစ်ပြိုင်ပွဲ အမျိုးသားတဦးချင်း ဗိုလ်လုပွဲမှာ နိုဗက် ဂျိုကိုဗစ်က ကီဗစ် အန်ဒါဆန်ကို ၃ ပွဲပြတ်နဲ့ အနိုင်ရ ဗိုလ်စွဲသွားပါတယ်။ အသက် ၃၁ နှစ်အရွယ် ဂျိုကိုဗစ်ဟာ ဆီမီးဖိုင်နယ်တုန်းက နာမည်ကြီး နဒါးကို ခက်ခက်ခဲခဲ ဖြတ်ကျော် လာရတာပါ။ အန်ဒါဆန်ကတော့ တောင်အာဖရိက နိုင်ငံသားတွေထဲကနေ ပထမဆုံးအဖြစ် ဝင်ဘယ်ဒန် ဗိုလ်လုပွဲကို တက်ရောက်ခဲ့တာပါ။

ဂျိုကိုဗစ်က ပထမပွဲကို ၆ – ၂၊ ဒုတိယပွဲကို ၆ – ၂၊ တတိယပွဲကို ၇ – ၆ နဲ့နိုင်ပြီး ချန်ပီယံဆု ရယူသွားတာပါ။ ဂျိုကိုဗစ်ဟာ ဝင်ဘယ်ဒန် ချန်ပီယံဆုကို ၄ ကြိမ်မြောက် ဆွတ်ခူးနိုင်တာဖြစ်ပြီး အခုရတဲ့ ချန်ပီယံဆုဟာ ဂျိကိုဗစ် အတွက်တော့ ၁၃ ခုမြောက်ရတဲ့ ဂရန်းစလန်း ဆုဖလားလည်း ဖြစ်ပါတယ်။  

DVB