လာမည့်နှစ်တွင် ဘောလုံးလောကမှ အနားယူဖွယ်ရှိဟု ရော်နယ်ဒို ပြောကြား

ဂျူဗင်တပ်မှပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုက ၎င်းအနေဖြင့် ဘောလုံးကစားခြင်းမှအနားယူမည့်အချိန်ကို အသေအချာမသိသေးသော်လည်း လာမည့်နှစ် အစောဆုံးဖြစ်နိုင်သည်ဟု ပြောကြားသည်။

ရော်နယ်ဒို (၃၄) နှစ်သည် ပြီးခဲ့သည့်နှစ်က ဂျူဗင်တပ်သို့ ရောက်လာပြီးနောက် ဆက်လက် ခြေစွမ်းပြပြီး ပြိုင်ပွဲအရပ်ရပ် ၄၃ ပွဲတွင် ၂၆ ဂိုးသွင်းကာ ၂၀၁၈- ၁၉ ရာသီနောက်ထပ်စီးရီးအေ ဖလားတစ်လုံးရအောင် ကူညီခဲ့ သည်။

ဘလွန်းဒီအောဆု ငါးကြိမ်ရရော်နယ်ဒိုက ၎င်းအနားယူမည့် အချိန်သည် များစွာမဝေးတော့ သော်လည်း မသေချာသေးဟု ပြောသည်။ ရော်နယ်ဒိုက မိမိထက်စံချိန် ပိုများသော ကစားသမားရှိမည်ဟု မထင်ကြောင်း ပြောကြားသည်။ ၎င်း၏ အသင်းဖော် ခီဒီယာ က ရော်နယ်ဒိုသည် အားကစားသမားအားလုံးအတွက် သာဓက တစ်ခုဖြစ်သည်ဟု ပြောကြားသည်။

ဂျူဗင်တပ်သည် ကိုးကြိမ် ဆက်တိုက် စီးရီးအေဖလားဆွတ် ခူးရေး မျှော်လင့်ချက်အတွက် စနေနေ့တွင် ပါးမားကွင်းသို့ဗွေဆော်ဦးပွဲ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကာ ဖီအိုရင်တီးနား (အ ဝေးကွင်း) နာပိုလီ (အိမ်ကွင်း) စသော ပွဲကျပ်များနှင့် စတင်ရင် ဆိုင်ရမည်ဖြစ်သည်။

-Ref: Goal