ဆန္ဒပြကန့်ကွက်မှုများကိုထိန်းချုပ်ရန် ပါပူအာတွင် အင်တာနက်ဖြတ်တောက်မှု အင်ဒိုနီးရှားပြုလုပ်

သွေးထိုးလှုံ့ဆော်သော ပို့စ်များက အကြမ်းဖက်ဆန္ဒပြမှုများကို မီးထိုးပေးခြင်းမှ ကာကွယ်ရန် အင်ဒိုနီးရှား အစိုးရက ပါပူအာအရှေ့ဒေသတွင် အင်တာနက်ဖြတ်တောက်ထားသည်။ ကျောင်းသားများနှိပ်စက်ခံရခြင်းနှင့် လူမျိုးရေးခွဲခြားဆက်ဆံ ခံရသည်ဟု ယူဆချက်များကြောင့် ပါပူအာဒေသတွင် ဆန္ဒပြသူများက အကျဉ်းထောင်နှင့် ဈေးတစ်ခု အပါအဝင် အဆောက်အအုံအများအပြားကို ယမန်နေ့က မီးရှို့ခဲ့သည်။

ပါပူအာ အရှေ့မြို့ကြီးများ တွင် တနင်္လာနေ့ကစ၍ တစ်ခါ တစ်ရံ အကြမ်းဖက်မှုပါဝင်သော ဆန္ဒပြပွဲများကို ထိန်းချုပ်ရန် အင် ဒိုနီးရှားရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင် ၁,၂၀၀ ဦးအား ယင်းဒေသသို့ ထပ်မံစေလွှတ်ထားသည်။

အင်ဒိုနီးရှားလုံခြုံရေးဝန်ကြီး၊ ရဲတပ်ဖွဲ့အကြီးအကဲနှင့် စစ်ဘက် တပ်မှူးတစ်ဦးက ဆန္ဒပြပွဲများဖြစ်ပွားခဲ့သော အရှေ့ပါပူအာမှ ဆို ရောင်မြို့သို့ သြဂုတ် ၂၂ ရက်က သွားရောက် စစ်ဆေးခဲ့ပြီး ယင်း မြို့တွင် ဆန္ဒပြပွဲအသစ်များ ဖြစ်သည့် သတင်းမကြားရပေ။ အင်ဒိုနီးရှား ဆက်သွယ်ရေး ဝန်ကြီးဌာနက သြဂုတ် ၂၁ ရက် ညကစ၍ ပါပူအာဒေသခံများ လူ မှုမီဒီယာအသုံးပြုမှု တားဆီးရန် တယ်လီကွန်မြူနီကေးရှင်းနှင့် အင်တာနက်ကို ဖြတ်တောက်ခဲ့သည်။ ဖုန်းခေါ်ဆိုခြင်း၊ မက်ဆေ့ခ်ျပို့ခြင်းကိုမူ ဆက်လက်ခွင့် ပြုထားသည်ဟု ဝန်ကြီးဌာနပြော ရေးဆိုခွင့်ရှိသူ ဖာဒီနန်ဒူစ်ဆီသူ က ပြောကြားသည်။ သတင်းအမှားများ ဖြန့်ချိ ခြင်း အထူးသဖြင့် လူမျိုးရေးမုန်း တီးမှုဆီ ဦးတည်နိုင်သော သွေးထိုးလှုံ့ဆော်သောမက်ဆေ့ခ်ျများကို တားဆီးရန် ရည်ရွယ်၍ အင်တာနက် ဖြတ်တောက်ထားကာ အခြေအနေ တိုးတက်လာပါက ပိတ်ဆို့မှုများကို ပြန်လည်ဖယ်ရှားမည်ဟု ပြောခွင့်ရ ပုဂ္ဂိုလ်က ဆက်လက်ပြောသည်။

 —Ref:Reuters