ဆီရီနာဝီလျံကို အနိုင်ယူပြီး အန်ဂျလစ်ကာဘာ ဝင်ဘယ်ဒန်ချန်ပီယံဖြစ်လာ

အန်ဂျလစ်ကာဘာသည် ဝင်ဘယ်ဒန်ချန်ပီယံ ခုနစ်ကြိမ်ရ ဆီရီနာဝီလျံကို ၆-၃၊ ၆-၃ ဖြင့် အနိုင်ရရှိပြီး ပထမဆုံး ဝင်ဘယ် ဒန်ချန်ပီယံဆုကို ဆွတ်ခူးခဲ့သည်။ ဂျာမနီမှ နိုင်ခြေအဆင့် (၁၁) ကာဘာသည် ၂၀၁၆ က သြစတြေးလျ အိုးပင်းနှင့် ယူအက်စ်အိုးပင်း ချန်ပီယံဖြစ်ပြီးနောက် ၎င်း၏ တတိယမြောက် ဂရင်းဆလမ်း ဖလားကို ရယူခဲ့သည်။ ဆီရီနာသည် ပထမဆုံး ကလေးမွေးဖွားပြီး ၁၀ လအကြာ တွင် ဝင်ဘယ်ဒန်ဗိုလ်လုပွဲ တက်လာကာ ၎င်းအတွက် ၂၄ ကြိမ် မြောက်ဖြစ်မည့် ဂရင်းဆလမ် ဖလားရရှိရန် ကြိုးစားခဲ့သည်။

‘‘ကျွန်မအတွက် အိပ်မက်တစ်ခု အမှန်တကယ်ဖြစ်လာခဲ့တာပါ’’ ဟု ၁၉၉၆ က စတက်ဖီ ဂရပ်ဖ်နောက်ပိုင်း ပထမဆုံး ဝင်ဘယ်ဒန်ချန်ပီယံဖြစ်လာသူ ဂျာမန်အမျိုးသမီး ကာဘာက ပြောကြားသည်။ ‘‘ကျွန်မဒီနေ့ မိခင်တွေ အားလုံးအတွက် ကစားခဲ့တာပါ။ ကျွန်မ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အန်ဂျလစ်ကာဘာက အကောင်းဆုံး ကစား သွားခဲ့ပါတယ်’’ ဟု ဆီရီနာဝီလျံက ပြောသည်။

—Ref:BBC