အာဆီယံ ယူ ၁၉ ချန်ပီယံရှစ် ဗိုလ်လုပွဲတွင် မြန်မာနှင့် မလေးရှား အသင်းတို့  ဆုံတွေ့ 

ဆီမီးဖိုင်နယ်တွင် လက်ရှိချန်ပီယံ ထိုင်းအသင်းကို အနိုင်ယူကာ ဗိုလ်လုပွဲအဆင့်သို့  တက်ရောက်နိုင်ခဲ့သည့် မြန်မာယူ ၁၉ အသင်းသည် ဗိုလ်လုပွဲတွင် မလေးရှားအသင်းနှင့် တွေ့ ဆုံ ယှဉ်ပြိုင် သွားရမည်ဖြစ်သည်။

အာဆီယံယူ ၁၉ ချန်ပီယံရှစ် ဆီမီးဖိုင်နယ်ပွဲစဉ်များတွင် မြန်မာအသင်းက ထိုင်းအသင်းကို ၁-၀ ဂိုး၊ မလေးရှား အသင်းက အိမ်ရှင် အင်ဒိုနီးရှားအသင်းကို ပင်နယ်တီ အဆုံးအဖြတ်တွင် ၄-၃ ဂိုးတို့ဖြင့် အသီးသီး အနိုင်ရရှိ ခဲ့ကြသည်။ မြန်မာအသင်းသည် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်းကြောင့် ၂၀၀၅ ခုနှစ် နောက်ပိုင်း ချန်ပီယံဆု တစ်ကျော့ပြန် ဆွတ်ခူးနိုင်ရန် လက်တစ်ကမ်း အလိုသို့  ရောက်ရှိလာခဲ့ပြီဖြစ်သည်။

၂၀၁၈ အာဆီယံယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲကို ဇူလိုင် ၁၄ ရက်တွင် ကျင်းပမည် ဖြစ်သည်။ ထိုင်းနှင့် အင်ဒိုနီးရှားအသင်းယှဉ် ပြိုင်မည့် တတိယနေရာလုပွဲကို မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီ နှင့် မြန်မာနှင့် မလေးရှားအသင်း ယှဉ်ပြိုင်မည့် ဗိုလ်လုပွဲကို မြန်မာ စံတော်ချိန် ညနေ ၆ နာရီခွဲ၌ ကျင်းပမည်ဖြစ်သည်။ မြန်မာနှင့် မလေးရှားအသင်းသည် ယခုပြိုင်ပွဲအုပ်စုအဆင့်၌ တွေ့ဆုံဖူးပြီး မလေးရှားအသင်းက ၁-၀ ဂိုးဖြင့် အနိုင်ရရှိထားသည်။

Source :MFF